ရုရှား ဓာတ်မြေဩဇာတွေကို အခွန်ပိုကောက်ဖို့ အီးယူမှာ တင်သွင်းကြပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား ဓာတ်မြေဩဇာတွေကို အခွန်ပိုကောက်ဖို့ အီးယူမှာ တင်သွင်းကြပြီ


ဖေဖော်ဝါရီ - ၂ ( တနင်္ဂနွေနေ့ ) 

ဒေသတွင်းစိုက်ပျိုးရေး အခန်းကဏ္ဍမှာ ဓာတ်မြေဩဇာနဲ့ ပတ်သက်ပြီး အခက်အခဲဖြစ်နေချိန်မှာပဲ ဥရောပ ကော်မရှင်ကို အီးယူနိုင်ငံအချို့က ဓာတ်မြေဩဇာထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေက ရုရှားကနေသွင်းတဲ့ ဓာတ်မြေဩဇာတွေအပေါ် အခွန်စည်းကြပ်နှုန်း ပိုမိုမြှင့်တင်ဖို့အတွက် တောင်းဆိုမှုတွေ လုပ်နေကြပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းတွေတုန်းက ဥရောပကော်မရှင်အနေနဲ့ ရုရှား နဲ့ ဘီလာရုစ်တင်သွင်းတဲ့ ဓာတ်မြေဩဇာ၁ တန် ကို ၄၀ ကနေ ၄၅ ယူရို အထိတိုးကောက်ဖို့ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ ၃နှစ်အတွင်း တိုးကောက်ခဲ့တဲ့ ပမာဏက ၁ တန်ကို ၃၁၅ ကနေ ၄၃၀ ယူရိုအထိ တိုးကောက်ခဲ့ပါတယ်။ 

ဥရောပပါလီမန်နှင့် ဝန်ကြီးများကောင်စီမှ အတည်ပြုရန် သတ်မှတ်ထားသည့် အဆိုပြုချက်က အီးယူရဲ့ အဓိက စားသောက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန် တင်ပိုရောင်းချသည့် အဖွဲ့ဝင်နိုင်ငံများဖြစ်တဲ့ ပြင်သစ်နှင့် နယ်သာလန်တို့လို အဖွဲဝင်နိုင်ငံများရဲ့ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် ချိန်ညှိထားတယ်လို့ သိရပါတယ်။ 

ဓာတ်မြေဩဇာထုတ်လုပ်မှုက သဘာဝဓာတ်ငွေ့စွမ်းအင် အသုံးပြုမှုနဲ့ အများကြီး ပတ်သက်နေတော့ ဥရောပ ဓာတ်မြေဩဇာထုတ်လုပ်သူတွေအနေနဲ့  ဒေသတွင်း လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်ဖို့က မဖြစ်နိုင်ဘူး ဖြစ်နေပါတယ်။ ရုရှား၊ ဘီလာရုစ်တို့က ထုတ်လုပ်တဲ့ ဓာတ်မြေဩဇာဈေးနှုန်းကို ယှဉ်နိုင်ဖိုရာက ဝေးလွန်းနေ ပါတယ်။ ဒါကြောင့် ရုရှား ဓာတ်မြေဩဇာတွေကို သွင်းကုန်ခွန် တိုးမြှင့်လိုက်ခြင်းက ဒေသတွင်း ထုတ်လုပ်သူတွေ အတွက်အများကြီး ဖြစ်ထွန်းလာနိုင်စရာရှိနေပါတယ်။ ဒါပေမဲ့ ဥရောပကော်မရှင် ပြဋ္ဌာန်းနေတဲ့ သွင်းကုန်အခွန် ပမာဏက နည်းလွန်းနေတာရယ်၊ အခွန်းတိုးမြှင့်မှုက နောက်ကျနေတာရယ်ကြောင့် ဓာတ်မြေဩဇာ ထုတ်လုပ်သူတွေက မကျေမနပ်ဖြစ်နေကြပါတယ်။ 

ကုန်သွယ်ရေးအဖွဲ့ Fertilizers Europe ဥက္ကဋ္ဌ လီယိုအက်ဒါ က "ပိုမိုရည်မှန်းချက်ကြီးသောချဉ်းကပ်မှု" ကိုတောင်းဆိုနေပြီး ဥရောပကော်မရှင်အနေနဲ့ အကောက်ခွန်အဆင့်ကို အနည်းဆုံး ၃၀% အထိ မြှင့်တင်ပြီး ခြောက်လတစ်ကြိမ် ထပ်မံ တိုးမြှင့်သင့်တယ်လို့ ဆိုထားပါတယ်။ 

ရုန်းကန်နေရတဲ့ အီးယူ လယ်သမားများသည် ဒေသတွင်း စိုက်ပျိုးရေးကဏ္ဍ၌ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်လာခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်နှင့် ဆက်စပ်သော စည်းမျဉ်းစည်းကမ်းများ တိုးမြင့်လာခြင်းနှင့် ထောက်ပံ့ကြေးများ ကန့်သတ်ခြင်းများလို အကျပ်အတည်းများနှင့် ကြုံတွေ့နေရသောကြောင့် အဆိုပါ အစီအမံများကြောင့် အပြင်းထန်ဆုံးသော ဒဏ်ကို ခံရမည်ဟု မျှော်လင့်ရပါတယ်။


REF - RT

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)