ပျောက်နေရာက ပြန်တွေ့တဲ့ ထီလက်မှက် ဒေါ်လာ ၁သိန်းပေါက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျောက်နေရာက ပြန်တွေ့တဲ့ ထီလက်မှက် ဒေါ်လာ ၁သိန်းပေါက်




ဖေဖော်ဝါရီ - ၁၄ ( သောကြာနေ့ ) 

အာကန်ဆက်ပြည်နယ်က အမျိုးသမီးတစ်ယောက်က ထီထိုးပြီး သူမရဲ့ ထီလက်မှတ်ကို ပစ်ထားလိုက်ရာက မေ့ပြီး ဘယ်နား ထားလို့ ထားမှန်း မသိဖြစ်နေခဲ့ပါတယ်။ အဲ့ဒိထီလက်မှတ်က ထီပေါက်ကြောင်း ဌာနက ကြေညာလို့ လိုက်ရှာတာ မတွေ့တော့ပါဘူး။ အစပိုင်းမှာ နေ့စဉ်ရက်ဆက်ရှာခဲ့ပေမဲ့ မတွေ့တော့လို့ လက်လျှော့လိုက်ရပါတော့တယ်။  

အာကန်ဆက်ပြည်နယ် ပညာသင်ဆုအတွက် ထီလက်မှတ်ကို စတိုးဆိုင်တွေမှာ ရောင်းပါတယ်။ သူမက စတိုးဆိုင်မှာ ပစ္စည်းလာဝယ်ရင်း ထီတစ်စောင်ထိုးခဲ့ပါတယ်။ ဆုနာမည်က ဂျုန်းဘိုရိုဆုဖြစ်ပြီး ထီပေါက်တဲ့ အမျိုးသမီးနာမည်က ထရေစီ အိတ်ချ် ဖြစ်ပါတယ်။ သူမ ထီပေါက်တဲ့အကြောင်း ထီဆုပေးတဲ့ အရာရှိကို ပြောပါတယ်။ ဒါပေမဲ့ ထီလက်မှတ်မပြနိုင်လို့ ဆုကို မထုတ်ပေးခဲ့ပါဘူး ။ သူမလက်လျှော့လိုက် ရပါတယ်။ 

တနေ့တော့ သူမစီတဲ့ ကားရဲ့ ဒက်ရှ်ဘုတ်အံကို ရှင်းတော့ ထီလက်မှတ်ကို ပြန်တွေ့ပါတယ်။ ထီလက်မှတ်မှာ က ရက်ပေါင်း ၁၈၀ အတွင်း ထုတ်ယူရမယ်လို့ ပါပါတယ်။ ရက်ပြန်တွက်ကြည့်တော့ ၁၇၂ ရက်ပဲ ရှိပါသေးတဲ့ အတွက် သူမ ဆုကို ထုတ်ခွင့်ရသွားပါတယ်။ 

ဆုကို မထုတ်ခင်မှာ သူမရဲ့ခင်ပွန်းက ဆုလက်မှတ်ကို စကန်ဖတ်ပြီး ဆုပေးရေး ဌာနကို အကျိုးအကြောင်းသွား ပြောရပါသေးတယ်။ ဆုထုတ်ပေးရေး ဌာနက ရက်၁၈၀ အတွင်းဆိုတော့ လက်ခံပါတယ်၊ ထီလက်မှတ်ယူလာခဲ့ပြဆိုပြီး ပြောလို့ သူတို့ ဒေါ်လာ ၁သိန်းတောင်ရမယ်ဆိုတော့ ကတုန်ကရင်နဲ့ အိမ်ပြန်လာပြီး လင်မယား ၂ယောက် ပိုက်ဆံသွားထုတ်ခဲ့ကြပါတယ်။ 


REF: UPI

#News #MNP  #International

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)