Pages

Pages

စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း


နေပြည်တော်၊ ဖေဖော်ဝါရီ ၈

စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့က စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်း၊ တာဝန် ရှိသူများတက်ရောက်ကြပြီး တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများက Video Conferencing စနစ်ဖြင့် ပါဝင်တက် ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက “အဂတိပယ်ခွာ ပြည်သာယာ” ဆိုသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ပုဒ်နှင့်အညီ အဂတိလိုက်စားမှုကင်းစင်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပေါ်လာစေရန် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ဖွဲ့ ချင်းက အဂတိကိုဖယ်ခွာပြီး မိမိ ကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်၊ မိမိဌာန ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန သည် နိုင်ငံတော်၏ သယံဇာတကို ကိုင်တွယ်ဆောင်ရွက်နေရပြီး “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့” အဂတိကင်းရှင်းစွာဖြင့် ပြန်လည်ပေးအပ် သုံးစွဲနိုင်ရေး အလေးထားဆောင် ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းက နိုင်ငံ့ ဝန်ထမ်းတိုင်း အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်နှင့် သဘောသဘာဝများကို သိရှိရှောင်ကြဉ် နိုင်စေရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ အဂတိလိုက်စားမှု၏ သဘော သဘာဝများ၊ အဂတိလိုက်စားမှု ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းသည် စွမ်းအင်ဝန်ကြီးဌာနမှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit–CPU)များနှင့် တွေ့ ဆုံပြီး တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံ များ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သိရသည်။


#News #MNP 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق