တပ်ကုန်းမြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်


တပ်ကုန်း၊ ဖေဖော်ဝါရီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စုအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်အပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်စုတွင် ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးအောင်မြင့်မိုး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဌေးထိုက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသော်ဇင်နှင့် တာဝန်ရှိသူများက မကျီးပင်‌ကျေးရွာအုပ်စုတွင် ဆုံးရှုံးခဲ့သည့် နွားပိုင်ရှင် ၂၉ ဦးအတွက် နွားကောင်ရေ ၁၀၃ ကောင်အား နွားပိုင်ရှင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။


တင်စိုးလွင်

#MNP #News

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)