Pages

Pages

ရုရှား- ယူကရိန်း ငြိမ်းချမ်းရေးကို ရက်၁၀၀ အတွင်း အပြီးလုပ်ဖို့ ထရမ့်မှာပြီ


ဖေဖော်ဝါရီ - ၁၆ (တနင်္ဂနွေနေ့ ) 

ရုရှား - ယူကရိန်းအတွက် အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ်သည် ရက်ပိုင်း သို့မဟုတ် သီတင်းပတ်များအတွင်း ထွက်ပေါ်လာနိုင်သည်ဟု သမ္မတ ဒေါ်နယ်ထရမ့် ၏ ရုရှား - ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ကိသ် ကယ်လော့ဂျ် က မြူးနစ်လုံခြုံရေးညီလာခံ၏ ပြင်ပ သတင်းစာရှင်းလင်းပွဲတွင် မနေ့က ပြောကြားလိုက်ပါတယ်။ 

ကယ်လော့ဂျ်ကို ပြီးခဲ့တဲ့ လကတည်းက ရုရှား- ယူကရိန်းပြဿနာကို ရက်ပေါင်း ၁၀၀ အတွင်း အပြီးဖြေရှင်းရန် အတွက် ထရမ့်က အမိန့်ပေးထားပြီးသား ဖြစ်ပါတယ်။ မော်စကိုက သတ်မှတ်ထားသော အစီအစဉ်ကို ငြင်းဆိုပါက ပိတ်ဆို့အရေးယူမှုအသစ်များ ပြုလုပ်ရန် အမေရိကန်သမ္မတက သတိပေးသော်လည်း ရုရှားကို ထိခိုက်စေလိုခြင်းမဟုတ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ 

“ကျနော့်ကို အသက်ရှုဖို့အတွက် အချိန်နည်းနည်းပေးပါ။ ၆ လ ၁ နှစ် အချိန်ယူမှာမဟုတ်ပါဘူး။ သီတင်းပတ်နည်းနည်းလောက် အချိန်ပေးဖို့တောင်းတာပါ။ မနေ့က အလုပ်ကိုခိုင်းတယ်။ မနက်ဖြန်သိချင်တယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးလေ။ ဖြေရှင်းရမယ့် ပြဿနာနဲ့ ဆိုင်တဲ့ အချိန်လိုတာကိုပြောတာပါ” လို့ ဆိုသွားပါတယ်။ 

ယခုသီတင်းပတ်အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမေရိကန်သမ္မတနှင့် တယ်လီဖုန်းဖြင့် စကားပြောဆိုခဲ့ပြီး မော်စကိုနှင့် ဝါရှင်တန်ကြား ၎င်းတို့၏ ပထမဆုံးသော အဆင့်မြင့် တိုက်ရိုက်ဆက်သွယ်မှု အဖြစ် စတင်နိုင်ခဲ့ပါတယ်။  

ရုရှားအစိုးရ အဆိုအရ အမေရိကန်ခေါင်းဆောင်သည် ပဋိပက္ခများ အမြန်ရပ်စဲရေးနှင့် ငြိမ်းချမ်းသောဖြေရှင်းရေး တို့အတွက် ထောက်ခံကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ပဋိပက္ခ၏ မူလဇစ်မြစ်ကို ဖြေရှင်းရန် လိုအပ်ကြောင်း ပူတင်က ပြောဆိုခဲ့သော်လည်း ရေရှည်ပြေလည်မှုရရန် စေ့စပ်ညှိနှိုင်းမှုများဖြင့် ပြုလုပ်မှသာ အောင်မြင်နိုင်မှာလို့ အမေရိကန်ဘက်က ဆိုခဲ့ပါတယ်။ သူတို့ ၂ ဦး စကားစမြည်ပြောဆိုပြီးနောက် ထရမ့်က ဝါရှင်တန်နှင့် မော်စကို ပဋိပက္ခကို ဖြေရှင်းရန် ချက်ချင်းစတင်ဆွေးနွေးနေပြီလို့ ၎င်းရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်း Truth Social တွင် ရေးသားခဲ့ပါတယ်။


REF: RT

#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق