Pages

Pages

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာဂိုဏ်းပေါင်းစုံ ဝိနယာဓိကစာမေးပွဲ ကျင်းပ




ဒဂုံမြောက်၊ ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ဂိုဏ်းပေါင်းစုံသံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပအပ်သော (၂၃) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဝိနယာဓိက စာမေးပွဲကို အမှတ် (၄၂) ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ယနေ့နေ့လယ် ၁၂ နာရီတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၅ ခုနှစ် ဝိနယာဓိက စာမေးပွဲကို ပထမကြီးတန်းတွင်သံဃာတော် (၂၇) ပါးနှင့် သီလရှင် (၂)ပါး၊ ပထမလတ်တန်းတွင်သံဃာတော် (၂၉) ပါးနှင့် သီလရှင် (၂)ပါး၊ ပထမငယ်တန်းတွင် သံဃာတော် (၇၂) ပါးနှင့် သီလရှင် (၁၅)ပါး၊ အခြေပြမူလတန်းတွင် သံဃာ တော် (၁၁၆) ပါးနှင့် သီလရှင် (၉) ပါး စုစုပေါင်းသံဃာတော် (၂၄၄) ပါးနှင့် သီလရှင် (၂၈)ပါး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်သာသ နာရေးဦးစီးဌာနမှ သိရသည်။

စာမေးပွဲဖြေဆိုကြသည့် သံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ စာဖြေဆိုနိုင်ရန် စာ‌မေးပွဲကြီးကြပ်ဉက္ကဋ္ဌဆရာ‌တော်ဘဒ္ဒန္တဉတ္တမာဘိဝံသနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပြီး အဆိုပါစာမေးပွဲအား ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ  ၃ ရက်နေ့ထိ နေ့လယ် ၁၂ နာရီမှ ညနေ ၄ ထိ ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။


မြင့်မြင့်ရီ

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق