အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသူ လူဦးရေ(၆၉၄၁၈၉)ဦးအတွက် ဖေဖော်ဝါရီလအတွင်း ၁၃ ဘီလီယံကျော် ထောက်ပံ့ပေးမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသူ လူဦးရေ(၆၉၄၁၈၉)ဦးအတွက် ဖေဖော်ဝါရီလအတွင်း ၁၃ ဘီလီယံကျော် ထောက်ပံ့ပေးမည်


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်ဖြင့် အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် ယာယီနေရပ်စွန့်ခွါသူများကို ထောက်ပံ့ငွေများ ပေးအပ်နေမှုနှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် က ဆက်သွယ်မေးမြန်းသည့်အပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ပြန်လည်ဖြေကြားရာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် လတ်တလော အကြမ်းဖက် ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသူများမှာ (၅-၂-၂၀၂၅)ရက်နေ့ထိ စာရင်းများအရ အိမ်ထောင်စု (၁၇၂၇၇၀)စု၊ လူဦးရေ(၆၉၄၁၈၉)ဦး ရှိကြောင်း သိရသည်။

နေရပ်စွန့်ခွာသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် တစ်လ(၂၀၀၀ဝိ/-)နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့မည်ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွက် လူဦးရေ(၆၉၄၁၈၉)ဦးကို ၁၃ ဘီလီယံ ကျော်သုံးစွဲ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၏လမ်းညွှန်မှုနှင့်အညီ ဖေဖော်ဝါရီလ အတွင်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အဆိုပါထောက်ပံ့မှုကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လအတွက် (၂)လစာကို ဧပြီလ တွင်လည်းကောင်း၊ ဧပြီလမှဇွန်လအထိ (၃)လစာကို ဇူလိုင်လတွင်လည်းကောင်း၊ ဇူလိုင်လမှ စက်တင်ဘာလအထိ (၃)လစာကို အောက်တိုဘာလတွင်လည်းကောင်း၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ (၃)လစာကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်လည်းကောင်း စုစုပေါင်း(၅)ကြိမ် ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်။။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ယာယီနေရပ်စွန့်ခွါနေထိုင်ရသူ ဦးရေ၊ KNU, KIA, PDF, MNDAA, TNLA, AA, CNF, CDF, KNDF, KNPP, PNLO အစရှိသော အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူများရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ယာယီနေရပ်စွန့်ခွါနေရတဲ့ ပြည်သူလူထု စုစုပေါင်း လူဦးရေ နှင့် ထောက်ပံ့ပေးမည့် အခြေအနေကို ဆက်သွယ်မေးမြန်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားထားခြင်း ဖြစ်သည်။


#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)