ဖေဖော်ဝါရီ - ၆ ( ကြာသပတေးနေ့ )
အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်က ဒိန်ဗားမြို့က အခန်း ၉၆ခန်းပါတဲ့ မိုတယ်တစ်လုံးကို ၁၀ ဒေါ်လာနဲ့ ရောင်းမယ်ဆိုပြီး ကြော်ငြာတစ်ခု တက်လာပါတယ်။ ၁၀ ဒေါ်လာဆိုတာ ခရီးသွားတစ်ယောက်လမ်းမှာ ညအိပ်တည်းတဲ့နေရာမှာ တစ်ညတည်းတဲ့ စရိတ်တောင်မရှိပါဘူး။ ဒါပေမဲ့ ၁၀ ဒေါ်လာတည်းနဲ့ မိုတယ်တစ်လုံးလုံးကိုပိုင်ရမယ်ဆိုတော့ တော်တော်စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ အဲ့ဒိမိုတယ်က အရင်ကတော့ စားသောက်ဆိုင်ဆန်ဆန် ဟိုတယ်ပါ။ ရောင်မယ့်သူကတော့ သဘောတူညီချက်ကို လက်မှတ်ထိုးပေးနိုင်ရင် ၁၀ ဒေါ်လာသာ ငွေချေလိုက်ပါ။ ချက်ခြင်းကို ပိုင်ဆိုင်မှုတွေ လွဲပေးမယ်လို ဆိုပါတယ်။
သူတောင်းတဲ့ တောင်းဆိုချက်တွေကတော့ မိုတယ်ဆီကို အိမ်ခြေမဲ့တွေ တွေ့ရင်ခေါ်ပြီး တည်းခို နိုင်အောင်လို့ ပြင်ဆင်ပေးရမယ်။ နောက်ပြီး ပြည်သူ့အထောက်အကူဖြစ်စေတဲ့ အဆောက်အအုံဖြစ်အောင် လုပ်ပေးရမယ်လို့ ဆိုပါတယ်။ အဲ့ဒိမိုတယ်ကို ၂၀၂၃ ခုနှစ်က ကန်ဒေါ်လာ ၉ သန်း အကုန်ခံပြီး တည်ဆောက်ခဲ့တာပါ။ ဒိန်ဗားမြို့မှာ မနှစ်က စပြီး အိမ်ခြေမဲ့တွေ တိုးလာတဲ့ အတွက် မိုတယ်ပိုင်ရှင် အသစ်က မိုတယ်ကို အိမ်ခြေမဲ့တွေအတွက် အထောက်အကူပေးနိုင်အောင် လုပ်ပေးမယ်ဆိုရင် ၁၀ ဒေါ်လာတည်းနဲ့ ရောင်းမယ်လို့ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ ဒိန်ဗားမှာ အိမ်ခြေမဲ့ ၁သောင်းလောက် ရှိနေပါတယ်။
REF - Newyork Post
#News #MNP #International
Join - https://t.me/MyanmarNationalPost




ليست هناك تعليقات:
إرسال تعليق