ရုရှားနဲ့ ဖြတ်ပြီး အီးယူနဲ့ ပေါင်းဖို့လုပ်နေလို့ နိုင်ငံသားတွေ သိုလှောင်သင့်တာ သိုလှောင်ထားကြလို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနဲ့ ဖြတ်ပြီး အီးယူနဲ့ ပေါင်းဖို့လုပ်နေလို့ နိုင်ငံသားတွေ သိုလှောင်သင့်တာ သိုလှောင်ထားကြလို့ ဆို


ဖေဖော်ဝါရီ - ၄ ( အင်္ဂါနေ့ ) 

အက်စတိုးနီးယားနိုင်ငံက ရုရှားနဲ့ ချိတ်ဆက်ထားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကို ဖေဖော်ဝါရီလ  ၈  ရက်နေ့မှာ ဖြတ်တောက်ပြီး ဥရောပသမဂ္ဂရဲ့ ပင်မ ဓာတ်အားလိုင်းနဲ့ ဆက်သွယ်ဖို့ ပြင်ဆင်နေတာကြောင့် နိုင်ငံသားများအနေနဲ့ အစားအသောက်၊ ရေ၊ ဆေးဝါးများ၊ အစားထိုးအလင်းရောင် အရင်းအမြစ်များနှင့် ဘုတ်ဂိမ်းများကိုပင် သိုလှောင်ထားရန် အက်စ်တိုးနီးယားအစိုးရက အကြံပြုထားတယ်လို့ သိရပါတယ်။

ယင်းသတိပေးချက်ကို အက်စ်တိုနီးယားသတင်းစာ ERR က နိုင်ငံ၏ အန္တရာယ်ကာကွယ်တားဆီးရေးဗျူရိုကို ကိုးကားပြီး ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးနှင့် EU အဖွဲ့ဝင်များဖြစ်သည့် အိမ်နီးချင်း လတ်ဗီးယားနှင့် လစ်သူယေးနီးယားတို့နှင့်အတူ အက်စတိုးနီးယားသည် မော်စကိုနှင့် စွမ်းအင်ဆက်ဆံရေးဖြတ်တောက်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဥရောပတိုက်၏ ပင်မ လျှပ်စစ်ဓာတ်အားလိုင်းသို့ ကူးပြောင်းရန် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ 

ENTSO-E ဟုခေါ်သော အစားထိုးဥရောပဓာတ်အားလိုင်းသို့ ချိတ်ဆက်ရာတွင် ကေဘယ်ကြိုးပြတ်တောက်မှု သို့မဟုတ် ဓာတ်အားခွဲရုံမီးလောင်မှုကဲ့သို့သော ပြဿနာများ ဖြစ်ပေါ်လာနိုင်တယ်လို့  အက်စ်တိုးနီးယားရှိ Tartu ရေလုပ်ငန်းအကြီးအကဲ သောမတ်ကပ်က ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိပြင်ဆင်ထားတဲ့ စနစ်က ကြိုမမြင်နိုင်သော အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဆိုထားပါတယ်။  

အက်စတိုးနီးယားက  ဘီလာရုစ်၊ ရုရှား၊ အက်စတိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားနိုင်ငံတို့၏ ဓာတ်အားစနစ်များကို ချိတ်ဆက်ပေးသည့် လျှပ်စစ်ဓာတ်အားလိုင်း BRELL ရဲ့ တစ်စိတ်တပိုင်းဖြစ်ပြီး ၂၀၀၁ ခုနှစ် သဘောတူညီချက်ဖြင့် တည်ထောင်ခဲ့သော အဆိုပါနိုင်ငံများသည် အရေးပေါ်အခြေအနေများတွင် လျှပ်စစ်ဓာတ်အား လဲလှယ်ပေးပြီး အချင်းချင်း ပံ့ပိုးကူညီရန် ကတိပြုထားတာပဲ ဖြစ်ပါတယ်။

BRELL မှ ထွက်ပြီးနောက် အဆိုးဆုံး အခြေအနေတွင် 72 နာရီအထိ ဓာတ်အား ပြတ်တောက်မှု ဖြစ်နိုင်ကြောင်း နဲ့  အက်စတိုးနီးယားသည် မည်သည့်ရလဒ်အတွက်မဆို ကြိုတင်ပြင်ဆင်ထားသော်လည်း ဂရုတစိုက်စီစဉ်ခြင်းနှင့် တည်တည်ငြိမ်ငြိမ်ထိန်းသိမ်းခြင်း ကို အလေးထားကြောင်း အက်စတိုးနီးယား ဝန်ကြီးချုပ် ခရစ္စတင်းမိုက်ကယ်က ပြောကြားခဲ့ပါတယ်။ 


REF - RT

#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)