Pages

Pages

မိုင်းကိုင်မြို့နယ်၌ (၄၅)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပြန်ပွဲတော် ကျင်းပ


မိုင်းကိုင်၊ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပရိယတ္တိစာပေကျမ်းဂန်တတ်မြောက်သည့် ရဟန်းသံဃာတော်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ (၄၅)ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပြန်ပွဲကို ယမန်နေ့မှစ၍ မိုင်းကိုင်မြို့နယ်၏ စာဖြေဌာနများဖြစ်သော မြို့လယ်ဓမ္မာရုံ၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်တို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။

စာပြန်ပွဲတော်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ မွန်းလွဲ (၁)နာရီမှ (၄)နာရီအထိ (၉)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မိုင်းကိုင်မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်း (၂၇)ကျောင်းမှ အခြေခံအဆင့် (၁၀၇)ပါး၊ မူလပထမအဆင့် (၁၃၃)ပါး၊ မူလဒုတိယအဆင့် (၁၃၁)ပါး၊ မူလတတိယအဆင့် (၇၈)ပါး၊ အလယ်တန်းပထမအဆင့် (၆၀)ပါး ရှင်သာမဏေစုစုပေါင်း (၅၀၉) ပါးတို့က ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ ပါဠိ၊ ရှမ်းစာ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ နှုတ်ဖြေအာဂုံဆောင် စသည့်ဘာသာရပ်များကို ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။

အဆိုပါ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တရေဝတနှင့် စာပြန်‌ပွဲတော်ကျင်းပရေး တာဝန်ရှိ ရဟန်းသံဃာတော်များ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာန၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ မိဘပြည်သူများ၊ အလှူရှင်များက စာဖြေရှင်သာမဏေများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေး ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စများနှင့် ကျန်းမာရေးကိစ္စများအားလုံးကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ချော(မိုင်းကိုင်)

https://t.me/MyanmarNationalPost 

ليست هناك تعليقات:

إرسال تعليق