မိုင်းနောင်၊ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးသီးမြို့နယ်၊ ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းကာ အခမ်းအနားတက်ရောက်လာသူများမှ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာလျက်ရှိသည့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများကို တစ်ဦးလျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၄) ဦးအတွက် ထောက်ပံ့ငွေ (၆၈၀,၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ယာယီနေရပ် စွန့်ခွာပြည်သူများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
မနန်း(မိုင်းနောင်)
#News #MNP
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق