Pages

Pages

မိုင်းယုမြို့၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ




မိုင်းယု၊ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မိုင်းယုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှပေးပို့သော သဝဏ်လွှာကို မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးကလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို နယ်မြရဲစခန်းမှူး ရဲအုပ် နိုင်နိုင်ဝင်း ကလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။

(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရှမ်းတိုင်းရင်းသားများ၊ အာခါတိုင်းရင်းသားလူမျိုးများနှင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုင်းယုမြို့တွင် ရှမ်းတိုင်းရင်းသားများအများစုနေထိုင်ကြပြီး ရှမ်းတိုင်းရင်းသားများ၏ နေအိမ်များ၊ ဆိုင်ခန်းများ၏အရှေ့၍ ရှမ်းတိုင်းရင်းသားအလံကို လွှင့်ထူထားရှိ၍ (၇၈)နှစ်မြောက် ရှမ်းပြည်နေ့ကို ကြိုဆိုဂုဏ်ပြုထားကြကြောင်း သိရသည်။


ကိုကိုနိုင်

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق