ပင်လုံမြို့၌ မူလမင်းကွန်း ဇေတဝန်သာသနာ့မာရ်အောင် ပန်မုန့်ကမ္မဋ္ဌာန်းတိုက် (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံနှင့် ရွှေရတုကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်လုံမြို့၌ မူလမင်းကွန်း ဇေတဝန်သာသနာ့မာရ်အောင် ပန်မုန့်ကမ္မဋ္ဌာန်းတိုက် (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံနှင့် ရွှေရတုကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ




ပင်လုံ၊ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မူလမင်းကွန်း ဇေတဝန်သာသနာ့မာန်အောင် ပန်မုန့်ကမ္မဌာန်းတိုက် (၅၉) ကြိမ်မြောက် မဟာသတိပဋ္ဌာန်ညီလာခံနှင့် ရွှေရတုကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က မူလမင်းကွန်း ပန်မုန့်ကမ္မဋ္ဌာန်းတိုက်တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ “နမောတဿ သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကိုစတင်ခဲ့ပြီး လွိုင်လင်မြို့ သာသနာ့ဝိပုလ ဓာတ်တော်ကျောင်းတိုက်ဆရာတော်၊ လင်းခေးကမ္မဋ္ဌာန်းကျောင်းတိုက် မူလမင်းကွန်း ကမ္မဌာနာစရိယဥက္ကဋ္ဌဆရာတော်၊ လားရှိုးမြို့ မန်ဆူရှမ်းကျောင်းဆရာတော်၊ မြို့နယ်ဥက္ကဋ္ဌ ဆရာတော်ကြီးများထံမှ သြဝါဒခံယူခဲ့ကြသည်။ ဆက်လက်၍ ပွဲတော်အစီအစဥ်နှင့် လှူဖွယ်ပစ္စည်းစားရင်းများကို ဖတ်ကြားတင်ပြခြင်း၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌမှ အမှာစကားပြောကြားခြင်း၊ ပွဲတော်လမ်းညွှန် ဖတ်ကြားတင်ပြ၍ ကြွရောက်လာကြသော နာယကဆရာတော်များ၊ လွိုင်လင်တပ်နယ် တပ်နယ်မှူး၊ လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး/​​​မြို့နယ်အုပ်ချုပ်​​ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခရိုင်ရဲမှူးကြီး/မြို့နယ်ရဲတပ်ဖွဲ့မှူး၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ နယ်မြေခံတပ်ရင်းမှူး၊ မြို့နယ်သာသနာရေးဦးစီးအရာရှိ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပန်မုန့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ အသီးသီးအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အထွေထွေကိစ္စရပ်များ ဆွေးနွေးခြင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်များ အတည်ခြင်း၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီးနောက်  ဆရာတော်ကြီးများအား သြကာသ ကန်တော့ကျိုးဖြင့် ပြန်လည်ကန်တော့၍ ဆရာနှင့်ဒကာ “ဗုဒ္ဓသာသနံစိရံ တိဌတု” သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးအောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)