အီးယူက ပိတ်ဆို့ထားလည်း ရုရှား ဂျုံတင်ပို့မှုကတော့ ပန်းပန်လျက်ပါပဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီးယူက ပိတ်ဆို့ထားလည်း ရုရှား ဂျုံတင်ပို့မှုကတော့ ပန်းပန်လျက်ပါပဲ


ဖေဖော်ဝါရီ - ၁၂ ( ဗုဒ္ဓဟူးနေ့ ) 

၂၀၂၄ - ၂၀၂၅ စိုက်ပျိုးရာသီအစတွင် ရုရှား ဂျုံတင်ပို့မှုသည် စံချိန်တင် အမြင့်ဆုံးသို့ မြင့်တက်သွားခဲ့ကြောင်း နောက်ဆုံးထုတ် စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သိရပါတယ်။  ဈေးပေါတဲ့ ရုရှားဂျုံ တွေက ဥရောပ ဂျုံဈေးကွက်ကို မတည်မငြိမ်ဖြစ်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုများကြောင့် မော်စကိုအစိုးရ ပို့ကုန်ဝင်ငွေကို တားဆီးရန် ရည်ရွယ်ပြီး အီးယူက ပြီးခဲ့တဲ့ နှစ်တွေကတည်းက ရုရှဂျုံတင်သွင်းမှုအပေါ် အခွန်တိုးမြှင့် ကောက်ခံခဲ့တဲ့အပြင် တင်သွင်းမှုကိုလည်း ကန့်သတ်ခဲ့ပါတယ်။

ရုရှားပို့ကုန်တွေအပေါ် အီးယူရဲ့ အခွန်တိုးမြှင့်မှုနဲ့ ကန်သတ်မှုတွေက ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာကို မတွေးဘဲ ရုရှားကို ထိခိုက်မှုဖြစ်စေအောင် တမင်ကြိုးစားနေတာပဲ ဖြစ်တယ်လို့ မော်စကိုအစိုးရက စွတ်စွဲ ထားပါတယ်။ EU ၏ လုပ်ဆောင်ချက်များက ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ မလုံခြုံမှုကို ပိုမိုဆိုးရွားစေ နိုင်ကြောင်း ရုရှား ကရင်မလင်းအစိုးရက သတိပေးထားပြီး ဈေးနှုန်းများ မြင့်တက်ခြင်းက “ဥရောပရှိ စားသုံးသူများ ကျိန်းသေ ဒုက္ခရောက်မယ်”လို့လည်း ပြောကြားခဲ့ပါတယ်။ 

ကုန်တင် ရထားအော်ပရေတာ ရက်စ်အေဂရိုထရန် ရဲ့နောက်ဆုံးအချက်အလက်များအရ ရုရှားဂျုံတင်ပို့မှုသည် ဇူလိုင်လမှ ဇန်နဝါရီလအတွင်း စုစုပေါင်းတန်ချိန် ၃၂ ဒသမ ၂ သန်း စံချိန်တင်ရရှိခဲ့ပြီး ယခင်ရာသီကာလတူတွင် တန်ချိန် ၃၁ ဒသမ ၈ သန်း ပဲ တင်ပို့နိုင်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၁၅ ဇန်နဝါရီလတွင် တင်ပို့မှုသည် တန်ချိန် ၂.၄၇ သန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူလတွင် တန်ချိန် ၄ ဒသမ ၀၈ သန်း ရှိခဲ့ပါတယ်။ 

အီဂျစ်သည် ရုရှား၏ ဂျုံဝယ်ယူ ထိပ်တန်းနိုင်ငံအဖြစ် ဆက်လက် ရပ်တည်ခဲ့ပြီး တန်ချိန် ၆ ဒသမ ၃ သန်း တင်သွင်းခဲ့ပါတယ်။ ယမန်နှစ် အလားတူကာလထက် ၁ ဒသမ ၇ ဆ ပိုများခဲ့ပါတယ်။  ဘင်္ဂလားဒေ့ရှ် ကတော့ တန်ချိန် ၂ ဒသမ ၂၈ သန်းဖြင့် ဒုတိယအကြီးဆုံးနေရာမှာ ရှိတဲ့ တူရကီကို ကျော်တက်ခဲ့ပါတယ်။ တူရကီကိုတော့ တန်ချိန် ၂.၂၈ သန်းပဲ တင်ပို့နိုင်ခဲ့ပြီး ၅၀% နီးပါး ကျဆင်းသွားခဲ့ပါတယ်။ ၈နှစ်တာအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ရပါတယ်။ အယ်လ်ဂျီးရီးယားနှင့် ကင်ညာတို့ ကလည်း ထိပ်တန်းတင်ပို့ရတဲ့ နိုင်ငံတွေဖြစ်ပြီး တန်ချိန် ၁.၆၉ သန်းနှင့် တန်ချိန် ၁.၄ သန်း အသီးသီး တိုးမြှင့်ဝယ်ယူခဲ့ပါတယ်။ 

မနှစ်က ဒီဇင်ဘာလမှာ ရုရှားနိုင်ငံက ပြည်တွင်းဂျုံ ရောင်းလိုအားနှင့် ဝယ်လိုအားကို မျှတစေရန် ဂျုံတင်ပို့မှု ခွဲတမ်းကို ကျင့်သုံးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်မှ ဇွန်လ ၃၀ ရက်အထိ တန်ချိန် ၁၀ ဒသမ ၆ သန်း ပဲတင်ပို့မယ်လို့ သတ်မှတ်ထား ပါတယ်။ ဒါပေမဲ့  ခွဲတမ်းက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် ရည်ရွယ်ထားသော ပို့ကုန်များနှင့် သက်ဆိုင်ခြင်းမရှိပါဘူး။ 


REF - RT

#News #MNP #International

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)