မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား၂၂၂ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား၂၂၂ ဦး ထပ်မံထိန်းသိမ်းနိုင်ခဲ့


နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၁

ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍  မြန်မာ နိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online  လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးခဲ့ကြသူများကို  ‌စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၂၂၂ ဦးကို ထပ်မံ ထိန်းသိမ်းနိုင်ခဲ့သည်။

အဆိုပါ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးနိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက် များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဌာနဆိုင်ရာပူးပေါင်း အဖွဲ့ များဖြင့် နေ့ချင်းပြီး  ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုကို ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် တင်ကိုကို က လိုက်လံကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ စာရင်းဇယား အချက်အလက်များ မှန်ကန်ပြည့်စုံစေ ရေး၊ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများ၏ နေထိုင်စားသောက်ရေး၊  ကျန်းမာ ရေးနှင့် ပြန်လည်လွှဲပြောင်းရေး လုပ်ငန်းစဉ်များကို ယခုထက် ပိုမိုမြန်ဆန် အဆင်ပြေ ချောမွေ့စေရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် နှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးရန် စာရင်းကောက်ယူ စိစစ်ပြီး အသင့်ဖြစ်နေသည့် ပြည်ပနိုင်ငံသားများအား ကောင်းမွန်စွာ ထိန်းသိမ်းထားရှိမှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

၂၀၂၅  ခုနှစ် ဇန်နဝါရီ ၃၀  ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အထိ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား စုစုပေါင်းဦးရေ ၁၉၈၅ ဦးကို စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၅၆၁ ဦးကို ထိုင်းနိုင်ငံမှ တစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၄၂၄ ဦးကို သက်ဆိုင်ရာ နိုင်ငံ များသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း  သတင်းရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)