ထရမ့်သမ္မတဖြစ်ဖို့ အီလွန်မက်စ် ကန်ဒေါ်လာ ၂၈၈ သန်းသုံးခဲ့ရတယ်လို့ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်သမ္မတဖြစ်ဖို့ အီလွန်မက်စ် ကန်ဒေါ်လာ ၂၈၈ သန်းသုံးခဲ့ရတယ်လို့ဆို


ဖေဖော်ဝါရီ - ၂ ( တနင်္ဂနွေနေ့)

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ လေ့လာဆန်းစစ်မှုအရ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ၂၀၂၄ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံစဉ် ကာလအတွင်း အောင်နိုင်ရေးအဖွဲ့ကို အလှုရှင်တွေဝိုင်းပြီရန်ပုံငွေ ထည့်ဝင်ရာမှာ တက်စလာနဲ့ စပေ့အိတ်စ် ပိုင်ရှင် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်စ်က ကန်ဒေါ်လာ ၂၈၈ သန်းသုံးခဲ့တယ်လို့  သိရကြောင်း ဝါရှင်တန်ပို့စ်ကို ဖော်ပြလိုက်ပါတယ်။ နိုင်ငံရေး ရန်ပုံငွေအတွက် အီလွန်မက်စ်ရဲ့ အလှူငွေက စံချိန်တင် အများဆုံးဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ထရမ့်ကသမ္မတဖြစ်လာချိန်မှာ အစိုးရရဲ့ သုံးငွေနဲ့ ထိန်းချုပ်မှုပိုင်းဆိုင်ရာကို ကိုင်တွယ်ဖို့အတွက် မက်စ်ကို အစိုးရစွမ်းဆောင်ရည်ဌာန ဆိုပြီး ဌာနအသစ်တစ်ခုဖန်တီးပေးကာ လုပ်ပိုင်ခွင့်တွေပေးခဲ့ပါတယ်။ သောကြာနေ့က ထုတ်ဝေသည့် ဆောင်းပါးတစ်ပုဒ်တွင်၊ မက်စ် ၏ ၂၀၂၄ ခုနှစ် နိုင်ငံရေးအသုံးစရိတ်သည် ထရမ့် ၏ နိုင်ငံရေးကွန်ရက်အတွင်း သူ၏ သြဇာလွှမ်းမိုးမှုကို ခိုင်ခံ့စေခဲ့ပြီး ဝေဖန်သူအချို့က ၎င်းအား “မှန်မှန်ကန်ကန် ရွေးကောက်ခံမဟုတ်သော ပူးတွဲသမ္မတ” လို့ ဆိုပါတယ်။ 

မက်စ် ၏ နိုင်ငံရေးအသုံးစရိတ်က အဓိကကျသော မဲဆန္ဒနယ်မြေများတွင် မဲပေးသူနည်းပါးသော ပြည်နယ်များရှိ မဲဆန္ဒရှင်များကို စည်းရုံးခြင်းဖြင့် ထရမ့်က ထောက်ခံမဲအများအပြားရရှိလိုက်တာပဲ ဖြစ်ပါတယ်။ ထရမ့် ကို ရန်ပုံငွေရှာပေးဖို့ အဖွဲ့တစ်ဖွဲ့ကိုထူထောင်ခဲ့ပါတယ်။ အဲ့ဒိအဖွဲ့မှာ အီလွန်မက်သာမက တက်စလာဘုတ်အဖွဲ့ထဲက အန်တိုနီယို ဂရာစီယာ၊ ပလန်တာကုမ္ပဏီပိုင်ရှင် ဂျိုးလွန်ဒေး၊ ဆီကွာရီယာ တည်ထောင်သူ ရှုအန်မက်ဂွိုင်ယား တို့အပြင် ၎င်းတို့နဲ့ ပတ်သက်နေတဲ့ သူဌေးတွေ အများအပြားပါဝင်ခဲ့ပါတယ်။ အဲ့ဒိအဖွဲ့က ဒေါ်လာ ၂၆၃ သန်းထိ စုမိခဲ့ပါတယ်။  

မနှစ်က နိုဝင်ဘာလ နှောင်းပိုင်းကနေ ဒီဇင်ဘာလကုန်အထိ ဒေါ်နယ်ထရမ့် သမ္မတဖြစ်ချိန်မှာ အဆင်တပြေဖြစ်အောင် တွေ့ဆုံပွဲတွေလုပ်ဖို့ မက်စ်တစ်ယောက်တည်း သုံးတဲ့ငွေက ၁၁ သန်းကျော်ပါတယ်။ သူတို့အဖွဲ့က ပန်ဆယ်ဗေးနီးယား၊ ဂျော်ဂျီယာ၊ နီဗားဒါး ၊ အရီဇိုးနား၊ မစ်ချီဂန်နဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တွေအတွက် မဲဆွယ်စည်းရုံးဖို့ ကန်ဒေါ်လာ ၄၇ သန်းသုံးခဲ့ပါတယ်။ ရွေးကောက်ပွဲကော်မရှင်မှာ အသုံးစရိတ် သန်း ၄၀ တင်ထားပေမဲ့ နောက်ပိုင်းမှာ အသနားခံစာတင်ပြီး သန်း ၅၀ကျော်သုံးခဲ့ပါတယ်။ 

မက်စ်က ထရမ့်အတွက် အဲ့လောက်ရင်းထားတာက ရွေးကောက်ပွဲ ပြီးတာနဲ့ ကျနေတဲ့တက်စလာရဲ့ စတော့ဈေးနှုန်းတွေက ရုတ်တရက်ခုန်တက်လာပြီး အမြတ်ငွေတွေအများကြီးရခဲ့ပါတယ်။ အမေရိကန် ရွေးကောက်ပွဲမှာ ထရမ့်နိုင်ပြီးပြီးချင်း မက်စ်က ဝင်ငွေ ဘီလီယံ ၂၀၀ ကျော်လောက်ဝင်သွားပါတယ်။ သ့ရဲ့ပိုင်ဆိုင်မှုက ၄၄၂ ဘီလီယံဖြစ်ခဲ့ပြီး ကမ္ဘာ့အချမ်းသာဆုံးနေရာမှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပါတယ်။ 


REF - RT                   

#MNP #News #International #American

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)