နေတိုးအဖွဲ့ကို ပြုပြင်ပြောင်းလဲသင့်ပြီလို့ ကော်မရှင် ဥက္ကဋ္ဌ က ပြောပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေတိုးအဖွဲ့ကို ပြုပြင်ပြောင်းလဲသင့်ပြီလို့ ကော်မရှင် ဥက္ကဋ္ဌ က ပြောပြီ


ဖေဖော်ဝါရီ - ၁၁ ( အင်္ဂါနေ့ ) 

အမေရိကန်အစိုးရက မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ ( နေတိုး ) အနေနဲ့ ကာကွယ်ရေးစရိတ်ကို တိုးမြှင့် စိုက်ခံသင့်တယ်လို့ ဆိုလိုက်တဲ့အပေါ်မှာ အီးယူကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလီယန်က နေတိုးအဖွဲအနေနဲ့ ကိုယ့်ကာကွယ်ရေးကို ကိုယ်တိုင် ဂရုစိုက်ဖို့ လိုလာပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့လိုလာပြီ လို့ ဆိုလိုက်ပါတယ်။ 

အမေရိကန် ဦးဆောင်သော စစ်ဘက်ဆိုင်ရာ အစုအဖွဲ့၏ အဖွဲ့ဝင်များအကြား ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ပေးရန် အမေရိကန်ရဲ့ တောင်းဆိုမှုများ၊ ယူကရိန်းအတွက် အနာဂတ် ထောက်ပံ့မှုအပေါ် မသေချာ မရေရာမှုများနှင့် ဥရောပလုံခြုံရေးဆိုင်ရာ ဝါရှင်တန်၏ ကတိကဝတ်များတွင် ဖြစ်ပေါ်လာနိုင်သည့် အပြောင်းအလဲကို စိုးရိမ်မှုများကြားတွင် သူမ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

“နေတိုးဟာ ကျမတို့ရဲ့ ကာကွယ်ရေး အခြေခံအုတ်မြစ်ပါပဲ။ ဥရောပနိုင်ငံတွေကြားမှာရှိတဲ့ ကာကွယ်ရေးစနစ် တစ်ခု လိုအပ်တယ်ဆိုတာ ထင်ရှားပါတယ်” လို့ တနင်္ဂနွေနေ့က လစ်သူယေးနီးယားတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗွန်ဒါလီယန်က ပြောကြားခဲ့ပါတယ်။ 

“ခေတ်သစ်စစ်ပွဲတွေမှာ စစ်ရေးအတိုင်းအတာ၊ နည်းပညာနှင့် ပေါင်းစပ်ညှိနှိုင်းမှုက ဘယ်နိုင်ငံအတွက်မဆို ကြီးကြီးမားမား လိုအပ်ပါတယ်။ အစိုးရနှင့် ပုဂ္ဂလိက နှစ်ဖက်စလုံးအတွက် ရန်ပုံငွေများ ထည့်ဝင်ထားသင့်ပါတယ်။ ဒါကြောင့် စစ်ရေးရန်ပုံငွေက ပိုမိုထည့်ဝင်သင့်တယ်” လို့ တောင်းခံခဲ့ပါတယ်။  ဥရောပအနာဂတ် ကာကွယ်ရေး၏ မဟာဗျူဟာ အစီရင်ခံစာကို အီးယူခေါင်းဆောင်များထံသို့ မတ်လလယ်တွင် တင်ပြမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့ပါတယ်။ 

ယူကရိန်းပဋိပက္ခ မဖြစ်မီက ပြင်သစ်သမ္မတ မာခွန်နဲ့ ဂျာမနီအဓိပတိဟောင်း အန်ဂျီလာမာကယ်လ် တို့က အီးယူစစ်တပ်ထူထောင်ရေးအတွက် အသံထွက်ဆုံး ထောက်ခံသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ရောက်တော့ မာခွန်က နေတိုးအား ဦးနှောက်သေနေပြီ လို့ ဖော်ပြခဲ့ပြီး ဒုတိယကမ္ဘာစစ်အပြီး နေတိုးမှတစ်ဆင့် ဥရောပတိုက်ရဲ့ လုံခြုံရေးမူဝါဒကို ဝါရှင်တန်အစိုးရက လွှမ်းမိုးခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူက မဟာဗျူဟာမြောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်မူဝါဒကို ကျင့်သုံးရန် ဥရောပခေါင်းဆောင်များကို တိုက်တွန်းခဲ့ပါတယ်။ အကြံပြုချက်များထဲမှ တစ်ခုကတော့ ဥရောပတိုက်လုံခြုံရေးကို လွတ်လပ်စွာ ခိုင်မာစေရန် "စစ်မှန်သော ဥရောပစစ်တပ်" ကို ဖန်တီးရန်ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။


REF - RT

#News #MNP #International

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)