(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပ
















ရန်ကုန်၊ ဖေဖော်ဝါရီ  ၁၂

၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်သူ့ ရင်ပြင်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ပြည့်စုံ လင်း၊တိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးချုပ် ဒေါ်စန္ဒာ သွယ်၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး များ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တပ်မတော်အရာရှိကြီးများ၊ဌာနဆိုင်ရာတာဝန်ရှိသူများ၊တိုင်းရင်းသား၊တိုင်းရင်းသူများ၊ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးစိုးသိန်းသည် နံနက် ၆ နာရီတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပသည့်နေရာသို့ ရောက်ရှိ ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည် ။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းသည် ဂုဏ်ပြုတပ်ဖွဲ့၊ တက်ရောက်လာကြသူ များနှင့်အတူ နိုင်ငံတော် အလံကို အလေးပြုကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကိုတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းကဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက်(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍလိုက် ဌာနဆိုင်ရာ ပြခန်းများပြပွဲနှင့် ဂီတပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။   

ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြသထားသည့် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍလိုက် ဌာနဆိုင်ရာပြခန်းများအတွင်းလှည့်လည်ကြည်ရူ့အားပေးကြသည်။

ယနေ့(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍလိုက် ဌာနဆိုင်ရာပြခန်း(၅၉)ခန်းရှိပြီး လာရောက်လည် ပတ်ကြသူများ စားရေး သောက်ရေးအဆင်ပြေစွာ ဝယ်ယူစားသောက် နိုင်ရေးအတွက် စားသောက်ဆိုင်များ၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ အပါအဝင်ဆိုင်ခန်းပေါင်း MSMEအရောင်းဆိုင်ခန်း(၁၆၀)ကျော်တို့ဖြင့် ဖေဖော်ဝါရီလ (၁၄) ရက်နေ့အထိ ဖွင့်လှစ်ရောင်းချမည်ဖြစ်ရာ ဝယ်ယူစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိပြီး အလှူရှင်များကလည်း စတုဒီသာများကျွေးမွေးခြင်းဖြင့် ပွဲတော်လာပြည်သူများအား ကျွေးမွေးလှူဒါန်းကြသည်။

ထိုပြင်တေးဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်တေးသံရှင်းများ၏ ဖျော်ဖြေမှုနှင့်အတူ ပွဲတော်လာပြည်သူများ ပျော်ရွှင်ကြသည့်အပြင် သန့်ရှင်းစွာစည်းကမ်းရှိသည့် ပွဲတော်ဖြစ်စေရေးအတွက် အမှိုက်များစနစ်တကျစွန့်ပစ်ရန်၊ အမှိုက်ပုံး များ၊ Mobille Toilet များထားရှိ‌ စီစဉ်ဆောင်ရွက်ပေးထားသည်။                                                                        

ပွဲတော်သို့ လာရောက်လည်ပတ်ကြသူများ အဆင်ပြေချောမွေ့စေရန်အတွက် YBSမော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ထားသဖြင့် လာရောက်လည်ပတ်သူမျာ းစိတ်ချမ်းမြေ့စွာဖြင့် မည်သူ မဆိုလာရောက်ပါဝင်ဆင်နွှဲလျက်ရှိပြီး အထူးပင် ကြိတ်ကြိတ်တိုးစည်းကားလျက်ရှိကြောင်း သိရသည်။  


နိုင်လင်းအောင်

#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)