(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ မြိတ်မြို့တွင် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ မြိတ်မြို့တွင် ကျင်းပ








မြိတ်၊ ဖေဖော်ဝါရီ   ၁၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတစ်ဝန်းတွင်ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနေ့အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို  မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို နံနက်(၅)နာရီခွဲတွင် ကျင်းပရာ နိုင်ငံတော်အလံအား ရဲတပ်ဖွဲ့ဝင်များက အလံတိုင်ထိပ်သို့ လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား မြိတ်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုခဲ့ကြသည်။

သဝဏ်လွှာဖတ်ပွဲကို နံနက်(၇)နာရီတွင် ဆက်လက်ကျင်းပရာ နိုင်ငံတော်အလံနှင့်အာဇာနည် ခေါင်းဆောင်ကြီးများအား ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ တိုင်းရင်းသား/သူများနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ မြို့မိမြိုဖများနှင့် ဖိတ်ကြားထားသူများက စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ထံမှ ပေးပို့သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက ဖတ်ကြားသည်။  ဆက်လက်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့်ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အခမ်းအနားတက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားပညာပေးလက်ကမ်းစာစောင်ကို မြိတ်ခရိုင်ရုံးဝန်ထမ်းများက ဝေငှပေးခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး 

#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)