ကောစင်တာ ဂိုဏ်းများကို တရုတ်နဲ့ ထိုင်းအစိုးရတို့ ပေါင်းပြီးရှင်းမယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကောစင်တာ ဂိုဏ်းများကို တရုတ်နဲ့ ထိုင်းအစိုးရတို့ ပေါင်းပြီးရှင်းမယ်လို့ ဆို


ဖေဖော်ဝါရီ - ၉ ( တနင်္ဂနွေနေ့ ) 

ဖုန်းဆက်ပြီး အများပြည်သူရဲ့ ငွေများကို လိမ်လည်လှည့်ဖျား ခြိမ်းခြောက်တောင်းယူနေတဲ့ ကောစင်တာ ဂိုဏ်းများကို ထိုင်းနိုင်ငံတွင် တိုက်ဖျက်မှု လုပ်ကိုင်နေရာ တရုတ်နိုင်ငံက ထိုင်းနိုင်ငံကို အားပေးသည့်အပြင် သူတို့လည်း ပူးပေါင်းပါဝင်သွားမယ်လို့ သိရပါတယ်။ 

မနေ့က တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝတ်ထရာ က လေယာဉ်ပေါ်က ဆင်းဆင်းချင်း ဒွန်မောင်းလေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အထက်ကအတိုင်း ပြောသွားတာ ဖြစ်ပါတယ်။ 

သမ္မတရှီကျင့်ဖျင်က ထိုင်းနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုများကို အခိုင်အမာ ထောက်ခံကြောင်း၊ ရာဇ၀တ်ဂိုဏ်းများ ဆန့်ကျင်ရေး ထိုင်းနိုင်ငံ၏ ခိုင်မာသော ရပ်တည်ချက်ကို အသိအမှတ်ပြုကြောင်း နဲ့  နှစ်နိုင်ငံအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။ 

တရုတ်နိုင်ငံသည် ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းကြိုးပမ်းမှုများ လိုအပ်နေကြောင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိနေတဲ့ ခေါ်ဆိုရေးစင်တာလိမ်လည်မှုများကို အရှိန်အဟုန်ပြင်းစွာ နှိမ်နင်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ နောက်ပြီး ဆောင်ရွက်ချက်များ ညှိနှိင်းဆောင်ရွက်ရန် သီးသန့် ထိုင်း-တရုတ် လုပ်ငန်းအမှုဆောင်အဖွဲ့တစ်ခု ထူထောင်သွားမယ်လိုလည်း သိရပါတယ်။ 

ဝန်ကြီးချုပ်က မြန်မာနယ်စပ်တလျှောက်မှာ လည်ပတ်နေတဲ့ call-center ဂိုဏ်းတွေကို လျှပ်စစ်မီးဖြတ်တောက်ဖို့ ထိုင်းနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကိုလည်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အာဏာပိုင်များသည် သက်ရောက်မှုများကို အကဲဖြတ်ကာ တရားမဝင် လှုပ်ရှားမှုများ လျော့ပါးသွားစေရန်နှင့် လူထု၏ တုံပြန်မှုကို စောင့်ကြည့်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ အဆိုပါ အစီအမံများသည် ထိုင်း နိုင်ငံသားများကို ကာကွယ်ရန်နှင့် နောက်ထပ် ခြိမ်းခြောက်မှုများကို တားဆီးရန် ရည်ရွယ်ကြောင်း သူမက ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ 


REF: The Nation

#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)