ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု















ပဲခူး၊ ဖေဖော်ဝါရီ ၅

 ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေဘေးကာကွယ် ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ဝင်္ဂဘော်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာအနီး ဇောင်းတူရေသောက်စနစ်၊ လက်တံ(၂)တူးမြောင်း၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေဒလက်(Water Wheel)တပ်ဆင်၍ နွေစပါးဧက(၂၀) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး လျော့ချသုံးစွဲနိုင်ရေးနှင့် တောင်သူလယ်သမားသင်တန်းများတွင် သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်နည်းစနစ်များ ထည့်သွင်းသင်ကြားပေးလျက်ရှိသဖြင့် ရက်တိုသင်တန်းများ တက်ရောက်ရန် မှာကြားခဲ့သည်။ 

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တစ်ကွင်းတစ်ဆက်တည်း ပဲတီစိမ်း(၁၁၀၀)စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေမှုအား ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဒေသကြက်နှင့် ဒေသဝက်အား ခြံလှောင် စနစ်ဖြင့် တိုးချဲ့မွေးမြူရန်နှင့် ကုန်ထုတ်လမ်းတလျှောက် အရိပ်ရပြီး စားသုံးနိုင်သည့် သီးပင်စားပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 ထိုနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြိုနယ်၊ မယင်းကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးဝင်းထိုက်အောင်၏ ကာကီကင်းဥစားဘဲ ကောင်ရေ(၃၂၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအား ပေးခဲ့ပြီး ဒေသတွင်း ဥစားသုံးမှု ဖူလုံပိုလျှံစေရေးနှင့် စားသုံးသူများ သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင် ရေး တိုင်းဒေသကြီးအစိုးရအဖွဲ အစီအစဉ်ဖြင့် နေ့စဉ်ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များတွင် ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကာ ဥစားဘဲ အပြင် အသားတိုးဘဲများ တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြစ် ရေဘေးကာကွယ်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၁၄၁၇)သန်းဖြင့် ပဲခူးမြစ်တာ(ပန်းလှိုင်၊ ပုဏ္ဏားစု၊ မုန်တိုင်း) တာမိုင်(ဝ/၀ မှ ၁/၄)အထိ High Flood Level အထက် (၁၀၃၀)စင်တီမီတာအထိ မြေသားတာဘောင် အခိုင်အမာမြှင့်တင်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဦးထိုးနိုင်သည့် နေရာများအား ပထမဦးစားပေးအဖြစ် ရေထိန်းနံရံ ကျောက်စီခြင်း၊ တာယာကွင်းအဟောင်းများဖြင့် ရေတားနံရံ များပြုလုပ်ခြင်းများ ဆောင်ရွက်သွားရန်၊ ပဲခူးမြစ် တာဧရိယာအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး တာလမ်းဘောင်တလျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)