Pages

Pages

မိုဒီကတော့ ထရမ့်ရဲ့ အခွန်းစည်းကြပ်မှုကို တားနိုင်မယ်လို့ မျှော်လင့်နေကြ


ဖေဖော်ဝါရီ - ၁၀ ( တနင်္လာနေ့ ) 

လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ အမေရိကန်ကို အလည်သွားပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သွားရောက် တွေ့ဆုံမယ့် အိန္ဒိယဝန်ကြီးချုုပ် နာရင်ဒါ မိုဒီ တစ်ယောက် အမေရိကန်- အိန္ဒိယ ကုန်သွယ်မှုမှာ အမေရိကန် ဘက်က ချမှတ်မယ့် ကုန်သွယ်မှု စည်းကြပ်ခွန်တိုးမြှင့်မှုအား တားဆီးနိုင်လိမ့်မယ်လို့ အိန္ဒိယ နိုင်ငံရေး အသိုင်းအဝိုင်းက မျှော်လင့်နေကြပါတယ်။ 

ကုန်သွယ်ရေး စစ်ပွဲဖြစ်မလာနိုင်အောင် တားဆီးဖို့ မိုဒီက အမေရိကန်ထုတ်ကုန်တွေကို စိတ်ကြိုက်သွင်း ခွင့်ပြုမယ့်ပုံ ရပါတယ်။ အဲ့လိုမျိုးဖြစ်လာအောင်လို့လည်း အိန္ဒိယဘက်က ကြိုတင်ပြင်ဆင်ထားမှုတွေ ရှိတယ်လို့ အိန္ဒိယအရာရှိတွေရဲ့ ပြောစကားကို ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြထားတာတွေလည်း ရှိပါတယ်။ 

အီလက်ထရွန်နစ်၊ ခွဲစိတ်ခန်းနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဓာတုပစ္စည်းအချို့တို့လို အနည်းဆုံး အမျိုးအစား တစ်ဒါဇင်လောက်ကို ကုန်သွယ်မှုသဘောတူခွင့်ပြုချက်ပေးမယ်လို့  ထည့်သွင်းစဉ်းစားနေကြောင်း အမည်မဖော်လိုသူ အစိုးရအရာရှိ သုံးဦးက ရိုက်တာ သို့ ပြောကြားခဲ့ပါတယ်။ 

အိန္ဒိယသည် ပုံမှန်အားဖြင့် အမေရိကန်၏ ပို့ကုန်များအပေါ်တွင် မှီခိုနေရပြီး အမေရိကန်ထံမှ အရင်းအမြစ်များ ပိုမိုရရှိလာနိုင်သည့် ပစ္စည်းများအပေါ် လိုက်လျောရန် စီစဉ်လျက်ရှိပါတယ်။ ဤအကောက်ခွန် လိုက်လျောမှုသည် အိန္ဒိယပြည်တွင်းထုတ်လုပ်မှု အစီအစဉ်များနှင့်လည်း လိုက်လျောညီထွေဖြစ်စေ မှာပါလို့ ၎င်းတို့က ဆိုပါတယ်။ 

အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဝန်ကြီးချုပ်မိုဒီနဲ့ ထရမ့် အကြား တွေ့ဆုံမှုသည် "အမေရိကန်နှင့် တရုတ်နိုင်ငံကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲကဲ့သို့ အခြေအနေမျိုးကို ရှောင်ရှားရန် ရည်ရွယ်ပါတယ်" လို့ဆိုပါတယ်။  


REF: Hindustan Times

#News #MNP #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق