Pages

Pages

တိုင်းစစ်ဌာနချုပ်အသီးသီး၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများ ပြုလုပ်




နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

မြန်မာတို့၏ (၁၂)လရာသီပွဲတော်များအနက် ကောက်ပဲသီးနှံ၊ ဆန်၊ စပါးတို့ ထွက်ရှိပြီး ဖူလုံစေသည့်လဖြစ်သော တပို့တွဲလတွင် အဖွဲ့လိုက် စုပေါင်းဆောင်ရွက် ရသည့် စည်းလုံးညီညွတ်မှုစွမ်းအားကို ဖြစ်စေသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲများကို နိုင်ငံအဝန်းတွင် ဒေသအလိုက် စည်ကားသိုက်မြိုက်စွာကျင်းပ‌လေ့ရှိကြသည်။ ထို့အတူ တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရာရှိ၊ စစ်သည်၊ မိသားစုများကလည်း မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိသည်။

ထိုသို့ ကျင်းပပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီ ၁၁ ရက်နှင့် ယနေ့တို့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့၌ အသီးသီး ကျင်းပပြုလုပ်ကြရာ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အလိုက် ပြိုင်ပွဲဝင်အသင်းများက မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ပါဝင် ဆင်နွှဲ ကြသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ပြိုင်ပွဲများတွင် ဆုရရှိ ကြသည့်အသင်းများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်း ရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق