ညောင်ရွှေမြို့နယ် ကုန်းခြံကျေးရွာ၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃) ဖြင့် ဆောင်ရွက်သည့် တောင်ပေါ်ဒေသတွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သည့် စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့နယ် ကုန်းခြံကျေးရွာ၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃) ဖြင့် ဆောင်ရွက်သည့် တောင်ပေါ်ဒေသတွင် ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သည့် စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနား ကျင်းပ






ညောင်ရွှေ၊ ဖေဖော်ဝါရီ ၆

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၃)ဖြင့် ဆောင်ရွက်သည် တောင်ပေါ်ဒေသတွင်ရေသန့်စင်စနစ်နှင့် အိမ်သယ်ရေတိုင်စနစ်ပါဝင်သည့် စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာအုပ်စု ကုန်းခြံကျေးရွာ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စီမံကန်းအကောင်အထည်ဖော်ဆောင်ရွက်မှုမှတ်တမ်း ဗွီဒီယိုကလစ်ပြသခဲ့ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အမှာစကားပြော ကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံအမတ်ကြီး Ms. Majia နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်တို့က အသီးသီးအမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက စီမံကိန်းဆောင်ရွက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူများကိုယ်စား ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့အား တာဝန်ရှိသူများကနေရာအရောက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

၎င်းနောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့်ဧည့်သည်တော်များသည် စီမံကိန်းကမ္ဗည်းကြေးပြားအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြပြီး ရေသန့်စင်စနစ် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က တောင်ပေါ်ဒေသရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စိမ့်စမ်းရေသွယ်တန်းခြင်း စီမံကိန်းအထိမ်းအမှတ် ရေဘာခလုတ်အားဖွင့်လှစ်ပေးပြီး စီမံကိန်းစနစ်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုအားပေးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများလမ်းညွှန်မှာကြားပြီး တက်ရောက်လာသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


စိုင်းအယ်ဘဲ

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)