လူငယ်ဆေးလိပ်သမားတွေမှာ ရှင်းပြလိုမရတဲ့ လေဖြတ်မှု ၂ ဆတိုးလာနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

လူငယ်ဆေးလိပ်သမားတွေမှာ ရှင်းပြလိုမရတဲ့ လေဖြတ်မှု ၂ ဆတိုးလာနေ


ဖေဖော်ဝါရီ - ၂၁ ( သောကြာနေ့ ) 

ဆေးလိပ်သောက်ခြင်းသည် အရွယ်ရောက်ပြီးလူငယ်များတွင် ရှင်းမပြနိုင်သော လေဖြတ်နိုင်ခြေ နှစ်ဆပိုများ လာကြောင်း လေ့လာမှုအသစ်တစ်ခုက သတိပေးထားပါတယ်။ ဆေးလိပ်အလွန်အကျွံ သောက်ခြင်းက လေဖြတ်နိုင်ခြေ ပိုဆိုးတယ်လို ဆိုပါတယ်။ နေ့စဉ် စီးကရက်တစ်ဘူးထက် ပိုသောက်တဲ့ လူငယ်တွေ နှစ်၂၀ ကြာပြီးနောက် ဆေးလိပ်မသောက်သူတွေထက် လေဖြတ်နိုင်ခြေ ၄ ဆ ပိုများတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ ကြောင်း သုတေသီတွေက ဆိုပါတယ်။  

"အထူးသဖြင့် ဆေးလိပ်အလွန်အကျွံသောက်ခြင်း အား တားဆီးခြင်းက လူငယ်များတွင် ဖြစ်ပွားနေသော လေဖြတ်ခြင်းအရေအတွက်ကို လျှော့ချရန် အရေးကြီးသော နည်းလမ်းတစ်ခုဖြစ်ပြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်"လို  ယူကေ ကီးလီ တက္ကသိုလ်မှ ဦးဆောင်သုတေသီ ဖိလစ်ဖာဒီနန် က သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။ 

လေ့လာမှုအတွက် သုတေသီများသည် cryptogenic stroke ဟုခေါ်သော လေဖြတ်ခြင်းတစ်မျိုးကို အာရုံစိုက် လေ့လာခဲ့ပါတယ်။  ဤလေဖြတ်ခြင်းများသည် သွေးစီးဆင်းမှုပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာသော်လည်း မည်သည့်အရာက ပိတ်ဆို့စေသည်ကို မသိရသေးပါ။

"ဆေးလိပ်သောက်ခြင်းသည် ischemic stroke နှင့် ဆက်စပ်နေသော်လည်း၊ အထူးသဖြင့် အသက် ၅၀ နှစ်အောက် လူများအား ဆေးလိပ်သောက်ခြင်းက မည်ကဲ့သို အကျိုးသက်ရောက်သည်ကို မသိရပါဘူး" လို ၎င်းကပြောကြားခဲ့ပါတယ်။ 

သူတို့အဖွဲ့သည် အသက် ၁၈ နှစ်မှ ၄၉ နှစ်ကြား လေဖြတ်ခြင်းခံရသော လူပေါင်း ၅၄၆ ဦး၏ ဆေးမှတ်တမ်းများကို လေဖြတ်ခြင်းမရှိသောသူများနှင့် နှိင်းယှဉ် လေ့လာခဲ့ပါတယ်။ ဆေးလိပ်သောက်သူ ၃၃ ရာခိုင်နှုန်းခန့်သည် ဆေးလိပ်မသောက်သူ ၁၅ ရာခိုင်နှုန်းနှင့် နှိင်းယှဉ်လျှင် မရှင်းပြနိုင်သော လေဖြတ်ခြင်းကို ခံစားခဲ့ရကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။

လိင်အမျိုးအစား , အသက်အရွယ်နှင့် ဆေးလိပ်သောက်သုံးမှု များပြားခြင်းတွေက အရွယ်ရောက်ပြီးသူများအတွက် လေဖြတ်နိုင်ခြေ ပေါ်တွင် လွှမ်းမိုးနေသော အချက်များဖြစ်ပါတယ်။

အမျိုးသား ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများထက် လေဖြတ်နိုင်ခြေ သုံးဆနှင့် အသက် ၄၅ နှစ်မှ ၄၉ နှစ်ကြား ရှိသူများတွင် ဖြစ်နိုင်ခြေ ငါးဆနီးပါးရှိပါတယ်။ အနှစ် ၂၀ ပတ်လုံး တစ်နေ့လျှင် တစ်ဘူးထက် ပိုသောက်သော အမျိုးသားများသည် လေဖြတ်နိုင်ခြေ ခုနစ်ဆနီးပါး ရှိပြီး အသက် ၄၅နှစ် မှ ၄၉ နှစ် တွင် လေဖြတ်နိုင်ခြေ ငါးဆနီးပါး ရှိတယ်လို တွေ့ရှိထားပါတယ်။ 

ခြုံငုံကြည့်လျှင် တစ်နေ့လျှင် စီးကရက် ၁၁လိပ် မှ ၂၀ အထိ ဆေးလိပ်သောက်သူများသည် လေဖြတ်နိုင်ခြေ ၆၄ % တိုးလာကာ တစ်နေ့လျှင် ဆေးလိပ်အလိပ်ရေ ၄၀ ကျော်သောက်သူများက သူတိုထက် ၅ ဆကျော် လေဖြတ်နိုင်ခြေပိုများပါတယ်။ "မကြာသေးမီက သုတေသနပြုချက်များအရ အဆိုပါ မရှင်းပြနိုင်တဲ့ လေဖြတ်ရောဂါရှိသော လူငယ်များ တိုးလာကြောင်း ပြသခဲ့ပြီး ဖြစ်နိုင်ခြေရှိသော ဆက်စပ်မှုများကို အကဲဖြတ်ရန် အရေးကြီးပါတယ်။ ကျွန်ုပ်တို၏ လေ့လာမှုအရ ဆေးလိပ်သောက်ခြင်းသည် အဓိကအကြောင်းရင်း ဖြစ်နိုင်ပါတယ်" လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။ 


REF : UPI

#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)