နေပြည်တော်၊ ဖေဖော်ဝါရီလ ၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ဝန်းကျင်တွင် ဖေဖော်ဝါရီ ၁ ရက် ညပိုင်းတွင် လေကြောင်းဖြင့် ဗုံးကြဲခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍နယ်မြေခံ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက်သမားများအနေဖြင့် အဆိုပါနယ်မြေအတွင်း ပြည်သူများ အေးချမ်းသာယာစွာဖြင့် နေထိုင်လုပ်ကိုင်နိုင်စေရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ထိခိုက်စေရန် ရည်ရွယ်၍ Drone များအသုံးပြုကာ Drop Bomb ချတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်၊အိုးအိမ်၊ စည်းစိမ်းများဆုံးရှုံး ရခြင်းများရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင် လွဲမှားစေရန်ရည်ရွယ်၍ မဟုတ်မမှန်လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ် ကြောင်းသတင်းရရှိသည်။
#MNP #News #FakeNews
Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق