မိုးကြိုနှမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်မှုဆိုင်ရာ တောင်သူနည်းပညာဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကြိုနှမ်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး ကြိုးပမ်းဆောင်ရွက်မှုဆိုင်ရာ တောင်သူနည်းပညာဆွေးနွေး


နေပြည်တော်၊ ဖေဖော်ဝါရီ ၉

(၆၂) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသီများနှင့် လယ်ဝေးမြို့နယ်မှ တောင်သူများတက်ရောက်ကြပြီးတိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ စိုက်ပျိုးရေးပညာရှင် ၂၅၀ နှင့် တောင်သူဦးရေ ၃၀၀ တို့က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲလာသည့် ရာသီဥတုအခြေအနေများနှင့် မမျှော်မှန်းနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် သင့်လျော်သည့် စိုက်နည်းစနစ်များ အသုံးပြုစိုက်ပျိုးနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ဥပမာအနေဖြင့် ရေကြီးခြင်း၊ ရေလိုအပ်ခြင်းတို့အား ချိန်ညှိနိုင်ရန်အတွက် ပေါင်ကြီးတင်စနစ် အသုံးပြုစိုက်ပျိုးရန် တွန်းအားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ကွက်များတွင်ထယ်ရေးမဲ့ စိုက်ပျိုးသည့်စနစ်အား သုတေသနပြု သရုပ်ပြစိုက်ပျိုးပြသထားရာ မျက်မြင်အဖြေအရ ပဲယင်း၊ ပြောင်း၊ နေကြာ၊ ပဲပိစပ် သီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး ပဲယင်းသီးနှံက အောင်မြင်မှုအများဆုံးတွေ့ရှိရကြောင်းနှင့် တောင်သူများအနေဖြင့်လည်း အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဒုတိယတိုင်းဦးစီးမှူး ဦးငွေဆန်းက မကွေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့် မိုးကြိုနှမ်း (နွေနှမ်း) သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်မှုများကို တင်ပြဆွေးနွေးသည်။

ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်းချက်များအပေါ် ဒုတိယဝန်ကြီးက သီးနှံရိတ်သိမ်းချိန် အလေအလွင့်နည်းအောင် ရိတ်သိမ်းကြရန်နှင့် သီးနှံများရောင်းချရာတွင် စုပေါင်းရောင်းချသည့်အလေ့အကျင့်ကို ကျင့်သုံးကြရန် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။     


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)