ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယမန်နေ့က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းသို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းအစည်းအဝေးခန်းမ၌ သင်တန်းကျောင်း တာဝန်ခံများက သင်တန်းများအလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ မှုများအပေါ် ပြည်ပနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေ သည့် အလုပ်သမားစာရင်းများရရှိနိုင်ရေး၊ ပြည်ပ နိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျ မှတ်ပုံတင်ထားရှိနိုင်ရေးတို့အတွက် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) များ၏ အချက်အလက်များ လုံခြုံမှုရှိအောင် ထိန်းသိမ်းကြရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အထည်ချုပ်အခြေခံသင်တန်းဖွင့်လှစ်ပို့ချနေမှု၊ EPS အစီအစဉ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ ကိုရီးယားဘာသာ အရည် အချင်းစစ် စာမေးပွဲဖြေဆိုနေမှု၊ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် မြန်မာအလုပ် သမားများအတွက် လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်လှစ်ပို့ချဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စည်းကမ်းနှင့်အညီ နေထိုင်၍ မိမိ၏လုံခြုံရေးကို ဂရုစိုက်ထိန်းသိမ်းရန်လိုအပ် ကြောင်း၊ ရောက်ရှိအလုပ်လုပ်ကိုင်ကြမည့် နိုင်ငံ၏ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို လေးစားလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အခက်အခဲကြုံတွေ့လာပါက သက်ဆိုင်ရာ မြန်မာသံရုံးသို့ အကူအညီတောင်းခံကြရန် မှာကြားပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ထုတ်ပေး ရေးလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးပြီး အလုပ်သမားများထံသို့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) များ ပေးအပ်ခဲ့ကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost 

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)