မှော်ဘီမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရိလမ်းသစ်ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရိလမ်းသစ်ဖွင့်ပွဲကျင်းပ





မှော်ဘီ   ဖေဖော်ဝါရီ   ၈

(၇၈)နှစ်မြောက်လွပ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးဌာနမှ၂၀၂၄-၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဆောင်ရွက်ခဲ့သည့်အမှတ်(၂)ရပ်ကွက်၊ နတ်စင်လမ်းကွန်ကရိလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်၇နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဖွင့်ပွဲအခမ်းအနားတွင် မှော်ဘီမြို့နယ်စည်ပင်သာ ယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်ဦးမှကွန်ကရိလမ်း အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသော်ဇင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစည် ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဝင်းမင်း၊မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးပြည့်ဖြိုးမောင်၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးခင်ဦးတို့မှ ကွန်ကရိလမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရိလမ်းအားဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့သည်။ 

အဆိုပါ ကွန်ကရိလမ်းသည် လမ်းအရှည်(၁၆၈၈)ပေ၊အကျယ်(၁၈)ပေနှင့်(၉)လက်မထု ရှိကာ (၂၀၂၄-၂၀၂၅)ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၂၀၀.၈၇၂) သန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ ရပ်ကွက်နေပြည်သူများ သွားလာမှုမြန်ဆန်လွယ်ကူ အကျိုးပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။ 

ကွန်ကရိလမ်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးစည် ပင်သာယာရေးအဖွဲ့ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဝင်းမင်း၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်နိုင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများစုစုပေါင်း(၃၂၀)ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။ 


ဝင်းဇော်

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)