တာချီလိတ်မြို့၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့၌ (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့် ကျင်းပ




တာချီလိတ်၊ ဖေဖော်ဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာ နိုင်ငံတော်အလံတင်အခမ်းအနားကို နံနက် ၅ နာရီခွဲက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက် ၇ နာရီကကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုက ဖတ်ကြားသည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်ပေးအပ်သည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်နှင့်ဂုဏ်ထူးဆောင်တံဆိပ်ရရှိခဲ့သည့် လူပုဂ္ဂိုလ်တစ်ဦး၊ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ပေးအပ်သည့် စီမံထူးချွန်နှင့်လူမှုထူးချွန်တံဆိပ်ရရှိသော လူပုဂ္ဂိုလ်(၈)ဦးနှင့် ရာဂီမုန်တိုင်းဒဏ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်များနှင့် လူမှုရေးအသင်းအဖွဲ့တို့အား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမင်းကိုနှင့် တာဝန်ရှိသူတို့က ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပြီး ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ရှမ်းရိုးရာအကဖြင့် ကပြဖျော်ဖြေသည်။

ထို့နောက် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးဌာန မှ ကတ္တရာထောက်ပံ့ငွေကျပ်သိန်း(၇၀၀)နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ပုန်းညက်လမ်းရှိ ပြည်သူများထည့်ဝင်ငွေကျပ် သိန်း(၁၃၀၀)ဖြင့်ဆောင်ရွက်ခဲ့သည့် အရှည် ၈၇၀ ပေ၊ အကျယ် ၁၈ ပေ၊ ထု ၃ လက်မရှိ ကတ္တရာကွန်ကရစ်လမ်းသစ် ကို တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းဖွင့်ပွဲအထိမ်းအမှတ် တံဆိပ်များပေးအပ်ကာ ပြည်သူများ ကိုယ်စား မြို့မိမြို့ဖ ဦးဇော်မြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


သန်းဇော်

#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)