အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်းရွေ့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်းရွေ့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်









ပဲခူး၊ ဖေဖော်ဝါရီ ၂၁

 ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်းရွေ့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်းရွေ့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဝန်ထမ်းများနှင့် ပြည်သူများအား အားပေးအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်းရွေ့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာနိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် နိုင်ငံတော်မှ တစ်ဦးလျှင် တစ်လငွေကျပ် (၂)သောင်းနှုန်းဖြင့် လစဉ်ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)၊ ပဲခူးခရိုင်အတွင်း  ယာယီတိုက်ပွဲရှောင် ပြည်သူ(၂၉၉)ဦး၊ ညောင်လေးပင်ခရိုင်အတွင်း ယာယီတိုက်ပွဲရှောင် ပြည်သူ(၅၄၂၂၉)ဦးနှင့် တောင်ငူခရိုင်အတွင်း ယာယီတိုက်ပွဲရှောင်ပြည်သူ(၅၁၀၂၅)ဦး စုစုပေါင်းယာယီတိုက်ပွဲရှောင်ပြည်သူ (၁၀၅၅၅၃)ဦး အတွက် တစ်လစာငွေကျပ်(၂၁၁၁.၀၆)သန်းအား ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ခရိုင်တာဝန်ရှိသူများက လက်ခံရယူပြီး စစ်ကိုင်းတိုင်းဒေသကြီးမှ ပဲခူးတိုင်းဒေသကြီးသို့ ယာယီတိုက်ပွဲရှောင် ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ 

၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တက်ရောက်လာသည့် ယာယီနေရပ်စွန့်ခွာ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


တင်စိုး(ပဲခူး)

#News #MNP 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)