အမေက အမ ဖြစ်ပြီး အဖေက အထီးဖြစ်တယ်လို့ အမေရိကန်ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေက အမ ဖြစ်ပြီး အဖေက အထီးဖြစ်တယ်လို့ အမေရိကန်ကြေညာ


ဖေဖော်ဝါရီ - ၂၁ ( သောကြာနေ့ ) 

အမေရိကန်ကျန်းမာရေးဝန်ကြီး ရောဘတ်ဖရန်စစ်ကနေဒီ ဂျူနီယာ (RFK Jr.) က  'မိခင်'သည် အမျိုးသမီး ဖြစ်ရမည် နှင့်  'ဖခင်'သည် အမျိုးသားဖြစ်ရမည် ဟူသော လမ်းညွှန်ချက်အသစ်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ကြေညာချက်သည် သမ္မတ ဒေါ်နယ်ထရမ့် ၏ “လိင်နှစ်မျိုးသာ” ဖက်ဒရယ်မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

 သမ္မတတာဝန်ယူချိန်မှစ၍ အမေရိကန်အစိုးရ၏မူဝါဒတွင် လိင်နှစ်မျိုးသာရှိပြီး အမျိုးသားနှင့် အမျိုးသမီးကို အသိအမှတ်ပြုကြောင်း အတည်ပြုရန် ကျား-မဆိုင်ရာ အမိန့်အများအပြားကို သမ္မတ ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။ လိင်အခြေခံ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ရက် ၃၀ အတွင်း “ရှင်းရှင်းလင်းလင်း လမ်းညွှန်ချက်” ပေးရန် ကျန်းမာရေးဌာန (HHS) ကို ညွှန်ကြားထားပါတယ်။ 

HHS မှ ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်သော လမ်းညွှန်ချက်တွင် 'လိင်' ကို မပြောင်းလဲနိုင်သော ဇီဝဗေဒဆိုင်ရာ အမျိုးအစားခွဲခြားမှုအဖြစ် သတ်မှတ်ပြီး လူတစ်ဦးချင်းစီကို အမျိုးသား သို့မဟုတ် အမျိုးသမီးအဖြစ် တင်းကြပ်စွာ သတ်မှတ်ပါတယ်။ 'အမ' ကို "မျိုးပွားမှုစနစ်၏ သွင်ပြင်လက္ခဏာရှိသော လိင်မှ မျိုးဥများထုတ်လုပ်ခြင်း" ဟု ဖော်ပြပြီး 'အထီး' ကို သုတ်ပိုးထုတ်လုပ်သည့် ဇီဝဗေဒလုပ်ဆောင်ချက်ဖြင့် မျိုးပွားမှုစနစ်ရှိသူ ဟု သက်မှတ်ထားပါတယ်။ ထို့ကြောင့် 'မိခင်' ကို အမျိုးသမီးမိဘအဖြစ် သတ်မှတ်ကြပြီး "ဖခင်"ကို အမျိုးသားမိဘအဖြစ် သတ်မှတ်ပါတယ်။ 

"ဤအုပ်ချုပ်ရေးသည် ဖက်ဒရယ်အစိုးရထံ ဘုံသဘောကို ပြန်လည်ဖော်ဆောင်ပြီး ဇီဝအမှန်တရားကို ပြန်လည်ရရှိစေသည်" ဟု RFK Jr. က HHS ထုတ်ပြန်ချက်တွင် ကိုးကားဖော်ပြထားပါတယ်။ “ယခင်အစိုးရ၏ မူဝါဒက အများသူငှာဘဝ၏ ကဏ္ဍတိုင်းတွင် ကျားမရေးရာ အတွေးအခေါ်ကို ပြုပြင်ဖန်တီးရန် ကြိုးပမ်းမှု ပြီးဆုံးသွားပါပြီ” ဟု ၎င်းက စောဒကတက်ခဲ့ပါတယ်။ 

အမေရိကားတွင် 'မိခင်' နှင့် 'ဖခင်' နေရာတွင် 'မိဘတစ်ဦး' ၊  'မိဘနှစ်ဦး' စသည်ဖြင့် အစားထိုးပြီး ရိုးရာမိဘ ခေါင်းစဉ်များမှ ဝေးကွာသွားခဲ့ပါတယ်။  ၂၀၁၁ခုနှစ်တွင် နိုင်ငံခြားရေးဌာနသည် ကျား-မအလိုက် မိဘ အသုံးအနှုန်းများ ခေတ်နောက်ကျနေပြီဟု စောဒကတက်ကာ အပြောင်းအလဲကို လုပ်ခဲ့ပါတယ်။ မနှစ်က သြဂုတ်လမှာ ဗားမောင့်ကျန်းမာရေးဌာနက 'ကလေး' သို့မဟုတ် 'ကလေးများ'ဟူသော အသုံးအနှုန်း အစား 'သား' သို့မဟုတ် 'သမီး' ကဲ့သို့သော ကျား-မ ကြားနေအသုံးအနှုန်းများကို အသုံးပြုရန် အကြံပြုထားပါတယ်။ 

"နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပါတယ်၊ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော်တို့ဟာ သိပ္ပံပညာနဲ့ ဘုံသဘောကို ပြန်ရောက်သွားပါပြီ" လို့ ထရမ့်အစိုးရရဲ့ အကြီးတန်း အရာရှိတစ်ဦးကဆိုပါတယ်။  

ထရမ့်ကြောင့် ယခင်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရလက်ထက်တွင် ဖက်ဒရယ်အစိုးရမှ တည်ထောင်ခဲ့သည့် မတူကွဲပြားမှု၊ သာတူညီမျှမှုနှင့် ပါဝင်မှု (DEI) ပရိုဂရမ်များအပြင် လိင်ပြောင်းခွင့်အတွက် အကာအကွယ်များကို လျင်မြန်စွာ နောက်ပြန်ဆုတ်စေခဲ့ပါတယ်။  ဤနည်းဖြင့် အရွယ်မရောက်သေးသူများကို "ဓာတုဆေးဝါအသုံးပြုမှု နှင့် ခွဲစိတ်မှု ဖြတ်တောက်ခြင်း" မှ ကာကွယ်ရန် အရွယ်မရောက်သေးသူများအတွက် လိင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတွက် ပြည်ထောင်စုအစိုးရရဲ့ ထောက်ခံမှုကို အဆုံးသတ်လိုက်ပါတယ်။ 


REF - RT

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)