ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ကျင်းပ





စစ်တွေ၊ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့အခမ်းအနားသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲတစ်ရပ်ကို ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဆွေးနွေးသည့်အပိုင်းမှာ လူတိုင်းနှင့် သက်ဆိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိကောင်းစရာများကို ရွေးထုတ်ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးရာတွင် ပို့ချဆွေးနွေးခြင်း မဟုတ်ဘဲ အပြန်အလှန်ဆွေးနွေးသွားကြရန်လိုကြောင်း၊ ဆွေးနွေးပွဲတက်ရောက်ကြမည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်းများအနေဖြင့် စိတ်ဝင်တစားလေ့လာမှတ်သားပြီး မေးခွန်းများကို မေးမြန်းကြရန်လိုကြောင်း၊ မေးမြန်းခြင်းများကိုလည်း ပြည့်ပြည့်စုံစုံ ရှင်းလင်းဖြေကြားပေးမည်ဖြစ်ကြောင်း၊ မေးမြန်းမှုသည် ထိုက်တန်သော ဗဟုသုတများရရှိသည့်အတွက် မေးမြန်းခြင်းကြောင့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် ဥပဒေအသိပညာပေးခြင်းနှင့် အခြားကဏ္ဍများတွင်လည်း အသိပညာပေးရေးအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးထား ကြောင်း၊ ဥပဒေအသိပညာပေးခြင်းအပြင် ဝန်ထမ်းများနှင့် ပြည်သူများ အတွက်အထောက် အကူဖြစ်စေမည့် ပညာပေးကိစ္စများ ဆောင်ရွက်ပေးလိုသည့် စေတနာနှင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့် လူတိုင်းဥပဒေကို သိရှိနိုင်ရေးနှင့် လေးစားလိုက်နာနိုင်ရေးအတွက် ဥပဒေအသိပညာပေးကဏ္ဍကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းများတွင် Grade-10 မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများ လေ့လာသိရှိထားသင့်သည့် ဥပဒေများကို သင်ကြားနိုင်ရေးအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးကြပ်ပြီး အထက်တန်းပြဆရာ၊ ဆရာမများကို ဆရာဖြစ်သင်တန်းများ ပို့ချခဲ့ပြီးဖြစ်ကြောင်း၊ နောင်လာမည့်စာသင်နှစ်တွင် အခြေခံပညာ အထက်တန်း ကျောင်းများမှ ကျောင်းသားလူငယ်များအတွက် ဥပဒေဘာသာရပ် (၇)ရပ်ကို ပို့ချသွားမည်ဖြစ် ကြောင်း၊ ယခုကျင်းပသည့်  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲမှ မိမိတို့တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ နိုင်ငံဝန်ထမ်းတစ်ဦးအနေဖြင့် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆက်စပ်သက်ဆိုင်နေပုံများကို လေ့လာသိရှိနိုင်ကြမည်ဖြစ်ကြောင်း၊ ဆွေးနွေးမှုများကို အလေးထားလေ့လာကြရန်နှင့် မေးမြန်းလိုသောအချက်များကိုလည်း မှတ်သားထားပြီး စနစ်တကျ မေးမြန်းကြရန် ပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဆွေးနွေးပွဲ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။


တင်ထွန်း

#MNP #News 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)