အမေရိကန်- ရုရှား ဆွေးနွေပွဲက သမိုင်းဝင်အမှန်တရားပါလို့ အိမ်ဖြူတော်ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်- ရုရှား ဆွေးနွေပွဲက သမိုင်းဝင်အမှန်တရားပါလို့ အိမ်ဖြူတော်ဆို


ဖေဖော်ဝါရီ - ၁၉ ( ဗုဒ္ဓဟူးနေ့ ) 

ဆော်ဒီအာရေးဘီးယားနိုင်ငံ ရိယာဒ့်မြို့ မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုယူဘီယို နဲ့ ရုရှား ရာထူးတူ ဆာဂေးလာရော့ဗ်တို့ တွေ့ဆုံဆွေးနွေမှုတွေ စတင်နေပြီဖြစ်လို့ အိမ်ဖြူတော် ပြောခွင့်ရ ကာရိုလင်းလီယာဗစ်က ဒီတွေ့ဆုံမှုက စစ်မှန်တဲ့ သမိုင်းဝင်တွေ့ဆုံမှုဖြစ်ကြောင်းနဲ့ ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် အမှန်တကယ် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဆိုသွားပါတယ်။ 

အဖျက်စွမ်းအားကြီးတဲ့ နျူကလိယားလက်နက်တွေကို ပိုင်ဆိုင်ထားတဲ့ ရုရှားလို နိုင်ငံကို ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အထီးကျန်အောင် ဘိုင်ဒန်အစိုးရ ဆက်ဆံရေးတွေရပ်တန့်ထားခဲ့ပါတယ်။ အဲ့ဒါကို ပြောင်းပြန်လှန်ဖို့အတွက် မနေ့ကတွေ့ဆုံမှုက မဟာဗျူဟာကျတဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်လို့လည်း ဆိုလိုက်ပါတယ်။

“ဒါဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာ ငြိမ်းချမ်းရေးအတွက် တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ ခြေလှမ်းတစ်ခုပါ၊ အရင်အစိုးရတုန်းက ရုရှားအပေါ် ဖိအားပေး ဆက်ဆံတာပဲ ရှိခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းမှုများမရှိ၊ ဆွေးနွေးမှုများ မရှိ၊ အမှန်တကယ် သံခင်းတမန်ခင်းမရှိခဲ့ပါဘူး ”လို့ လီယာဗစ်က ဆိုပါတယ်။ 

၄နာရီခွဲကြာ ဆွေးနွေးပွဲများအပြီးတွင် နှစ်ဖက်စလုံးသည် ဆက်ဆံရေးကို ဖြည်းဖြည်းချင်း ပြန်လည် ထူထောင်ရန်နှင့် ဘိုင်ဒန်အစိုးရ တည်ဆောက်ထားခဲ့တဲ့ “အတုအယောင် အတားအဆီးများ” ကို ဖယ်ရှားရန် နှစ်ဖက်သဘောတူခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရော့ဗ် က ဆိုပါတယ်။

ရီယာ့ဒ်တွင် စေ့စပ်ညှိနှိုင်းမှုများ ၊ ဖေဖော်ဝါရီ ၁၂ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထရမ့်တို့ ဖုန်းခေါ်ဆိုမှုတို့ကြောင့် ယူကရိန်းနှင့် EU တာဝန်ရှိသူများက မျက်စိကွယ်သွားရပြီ လို့ ဆိုပါတယ်။ ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက  ရီယာ့ဒ်တွင် တွေ့ဆုံမှုအား ၎င်း၏ခွင့်ပြုချက်မရှိဘဲ ပြုလုပ်ခဲ့ခြင်းကြောင့် စိတ်ပျက်မိပြီး ယူကရိန်းမပါဘဲ ကျင်းပသည့် ဆွေးနွေးပွဲများကို ယူကရိန်းအစိုးရအနေနဲ့ လက်ခံမည်မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။  

အင်္ဂါနေ့တွင် သတင်းထောက်များနှင့် စကားပြောရာတွင် ထရမ့်က ယူကရိန်းနိုင်ငံသားများအနေနဲ့  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ပဋိပက္ခဖြစ်ပွားပြီးနောက် လက်ရှိအနေအထားက မော်စကိုနှင့် ပိုမိုအဆင်ပြေနိုင်ခြေရှိတဲ့ သဘောတူညီချက်ကို ရရှိနိုင်တာကြောင့် ၎င်းတို့က တိုင်ကြားရန် အနေအထားမရှိလောက်ပါဘူးလို့ ပြောသွားပါတယ်။  “ဆွေးနွေးပွဲပါ အကြောင်းအရာများကို အားလုံး ကြားသိရပါစေမယ်လို့ အာမခံပါတယ်” လို့ လီယာဗစ်ကပြောသွားပါတယ်။ 


REF: RT

#MNP #News #International

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)