မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်မည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး အစည်းအဝေးကို ယမန်နေ့က ဒဂုံမြို့သစ်တောင်ပိုင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ရှိ စွယ်တော်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ တက်ရောက်သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူများက In person ဖြင့်လည်းကောင်း၊ Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက်ဆွေးနွေးကြသည်။

ဦးစွာ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) က မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီမှ ဆောင်ရွက်ထားရှိမှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားဝတ်စုံများ၏ အချက်အလက်များ ပေးပို့ရာတွင် မှန်ကန်မှုရှိရေး၊ ဝတ်စုံများ၏ သမိုင်းကြောင်းများ၊ ဝတ်စုံများနှင့် ပတ်သက်၍ သက်ဆိုင်ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်ကြသူများက မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်ရေးဆောင်ရွက်ရာတွင် လိုအပ်ချက်များ၊ ပြင်ဆင်ဖြည့်စွက်ရမည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။

ယင်းနောက် မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး ကော်မတီအတွင်းရေးမှူး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေးက ယနေ့အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို အတည်ပြုတင်ပြပြီး ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)