ကန့်ဘလူမြို့၌ မဟာရွှေစည်ကြီးစေတီတော် (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့၌ မဟာရွှေစည်ကြီးစေတီတော် (၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ


ကန့်ဘလူ၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စွမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် (၂၅)ကြိမ်မြောက် မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့်ရေ စက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါစေတီတော်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ထိုသို့ ဆွမ်းဆန်စိမ်းလောင်းလှူရာတွင် ပင့်သံဃာအပါး ၂၅၀၊ သာသနာ့နွယ်ဝင် သီလရှင် ၂၅ ပါးတို့အား နည်းဗျူဟာမှူး ဗိုလ်မှူးကြီး မြတ်သူနှင့်တပ်ရင်းတပ်ဖွဲ့ဝင်မိသားစုများ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦးနှင့်ဝန်ထမ်းမိသားစုများ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဝင် မိသားစုများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသခံပြည်သူများ၊ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများစုပေါင်းပါဝင်လောင်းလှူကြကြောင်း သိရသည်။

ထို့နောက်စေတီတော် သာသနာ့ဗိမာန်တော်၌ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရာ အဂ္ဂမဟာ သဓ္ဓမဇောတိကဓဇ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနတ်ပေးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဣန္ဒောဘာသထံမှ ရှစ်ပါးသီလခံယူဆောက်တည်၍ တာဝန်ရှိသူများက ဆရာတော်အား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာလှူဒါန်းမှုအစုစုတို့အတွက် နတ်ပေးကျောင်းတိုက် ဆရာတော်ထံမှ သာဓုအနုမောဒနာတရားနာယူ၍ ရေစက်ချအမျှပေးဝေ ခဲ့ကြသည်။

အဆိုပါဘုရားပွဲတော်လာပြည်သူများ၊ ဆွမ်းဆန်စိမ်းလာရောက် လောင်းလှူကြသူများအား မဟာရွှေစည်ကြီးစေတီတော်၏အနောက်ဘက် မဟာဗောဓိကွင်းတွင် ရတနာတင်လင်းဆိုင်း အဖွဲ့က ဧည့်ခံဖျော်ဖြေခြင်း၊ စတုဒီသာကို လူဦးရေ ၁၀၀၀၀ အတွက် ချက်ပြုတ်ပြင်ဆင်ပြီး လာရောက်သူများကို ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

#News #MNP  

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)