ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ






ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၂၅)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်အားကစားကွင်း၌ (၁၂.၂.၂၀၂၅)ရက်နေ့ နံနက်(ဝရး၀၀)အချိန်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အုပ်ချုပ်ရေးအဖွဲ့များ၊ မြို့မိ/မြို့ဖများ၊ နိုင်ငံရေးပါတီများ၊ မြို့နယ်စစ်မှုထမ်းဟောင်း၊ မြို့နယ်ကြက်ခြေနီအဖွဲ့များ၊ အရန်မီးသတ်အဖွဲ့များ၊ YMBA အသင်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုစုပေါင်း အင်အား(၁၁၅၀)ဦးခန့် တတ်ရောက်ခဲ့ကြ၍ 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအားဖတ်ကြားပြီးနောက် ၂၀၂၅ခုနှစ်တွင်  ပြည်သူ့ဝန်ထမ်းကောင်းဆုတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်း(၈)ဦးတို့အား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပလျက်ရှိသည်။


#News #MNP 

web - https://www.mmnationalpost.com/

telegram - https://t.me/MyanmarNationalPost

tiktok - https://www.tiktok.com/@ko.lay.naung

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)