ယူကရိန်းက အမေရိကန်ကို အလျော်အစား လုပ်ပေးရမယ်လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းက အမေရိကန်ကို အလျော်အစား လုပ်ပေးရမယ်လို့ ဆို


ဖေဖော်ဝါရီ - ၁၇ ( တနင်္လာနေ့ ) 

အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး မိုက်ကယ်ဝေါ့ဇ်က ယူကရိန်းအနေနဲ့ အမေရိကန်ပြည်သူတွေရဲ့အခွန်နဲ့ တည်ဆောက်ထားတဲ့ အနာဂတ်အကူအညီတွေကို လိုတယ်ဆိုရင်တော့ အနည်းဆုံး အလျော်အစားတစ်ခု ၊ ၂ ခုလောက်တော့ လုပ်ပေးဖို့လိုမယ်လို့ ပြောလိုက်ပါတယ်။ 

အဲ့ဒိစကားက ဘာကြောင့်ထွက်လာတာလဲဆိုတော့ ယူကရိန်းမှာ ရှိတဲ့ မြေရှားသတ္တု ၅၀% ကို အမေရိကန်အား တူးထုတ်ခွင့်ပြုပါတယ်ဆိုတဲ့ စာချုပ်ကို ယူကရိန်းသမ္မတ ဇီလန်စကီးက ငြင်းဆိုလိုက်ပြီးနောက်မှာ ထွက်လာ ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အမေရိကန်က ယူကရိန်းကို စစ်လက်နက်အကူအညီအပြင် အခြားသော စစ်ရေးနဲ့ လူမှုရေးဆိုင်ရာ အကူအညီတွေပေးထားတာ ကန်ဒေါ်လာ ဘီလီယံ ၃၀၀ ရှိနေပါပြီ။ အဲ့ဒါကို အမေရိကန်က ယူကရိန်းမှာရှိတဲ့ မြေရှား သတ္တုတွေထဲက ကန်ဒေါ်လာ ဘီလီယံ ၅၀၀ ဖိုး တူးထုတ်ခွင့်တောင်း လိုက်တာပဲဖြစ်ပါတယ်။ ယူကရိန်းအနေနဲ့ သဘောတူတယ်ဆိုရင် နောက်ထပ် ကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကို ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ အဲ့ဒိပမာဏတွေက ယူကရိန်း - ရုရှား စစ်ဖြစ်ပြီးနောက် အမေရိကန်က ယူကရိန်းကို သီးခြားထောက်ပံ့ထားတဲ့ ငွေတွေပဲ ဖြစ်ပါတယ်။ အရင်ဟာတွေနဲ့ မဆိုင်ပါဘူး။ 

“အမေရိကန်ပြည်သူတွေဟာ ဒီစစ်ပွဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဘီလီယံပေါင်းများစွာအတွက် ပြန်အမ်းငွေကို ပြန်လည်ရရှိဖို့ ထိုက်တန်ပါတယ်။ ကျနော်တို့ ပူးပေါင်းပြီး အမေရိကန်ပြည်သူတွေကို အကျိုးပြုနိုင်ရင် အနာဂတ် ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့အတွက်  အမေရိကန်ပြည်သူတွေ ပိုပြီးအဆင်ပြေသွားစေမှာပါ” လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဝေါ့ဇ် က ပြောဆိုပါတယ်။

ဝေါ့ဇ်က ဇီလန်စကီးကို  "အမေရိကန်ပြည်ထောင်စုနဲ့ ဒီသဘောတူညီချက်မှာ ပါဝင်ရတာ အရမ်းပညာရှိမှာပါ"လို့ တိုက်တွန်းထားပါတယ်။  ဇီလန်စကီကတော့ ယူကရိန်း၏ သဘာဝအရင်းအမြစ်များကို လွှဲပြောင်းပေးအပ်ခြင်းထက် နှစ်ဦးနှစ်ဖက် အကျိုးရှိသော မိတ်ဖက်ဆက်ဆံရေးကို ထူထောင်လိုကြောင်း ယခင်က ပြောဖူးပါတယ်။ 

အမေရိကန်ကွန်ဂရက်က ယူကရိန်းအတွက် အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၁၇၅ ဘီလီယံခန့်ကို ၂၀၂၂ ခုနှစ်မှ စတင်ခွင့်ပြုထားသော်လည်း အဲ့ဒိ ရန်ပုံငွေတွေက ရုရှား-ယူကရိန်းစစ်ပွဲမှာ ပက်သက်နေတဲ့ အမေရိကန်စက်မှု လုပ်ငန်းတွေနဲ့ အစိုးရအဖွဲ့တွေ အဓိကသုံးဖို့အတွက်ပဲရည်ရွယ်ပါတယ်။  ဂျာမနီနိုင်ငံ ကီရယ်တက္ကသိုလ်ရဲ့ မှတ်တမ်းမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အမေရိကန်က ယူကရိန်းအား ငွေကြေးနှင့် စစ်ရေးအကူအညီ ဒေါ်လာ ၉၂ ဘီလီယံခန့်သာ ပေးအပ်ခဲ့ပြီး အီးယူ နိုင်ငံများနှင့် ယူကေ တို့က စုစုပေါင်း ကန်ဒေါ်လာ ၁၃၁ ဘီလီယံ ခွဲဝေပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 


REF - RT   

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)