ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်






နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တပ်နယ်များမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများတက်ရာက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာတွင် သက်ဆိုင်ရာနယ်မြေအလိုက် ယာယီနေရပ်စွန့်ခွာနေရသူများ အားလုံးပါဝင်မှုရှိစေရေး  စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများမရှိစေရေး စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် တစ်လငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုထောက်ပံ့မှုများအတွက် ပြည်ထောင်စုနယ်မြေအတွင်းတွင် လာရောက်နေထိုင်သည့် အမှန်တကယ် နေရပ်စွန့်ခွာပြည်သူများ လက်ဝယ်သို့ မှန်ကန်မြန်ဆန်စွာရောက်ရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်အလိုက် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ထောက်ပံ့ပေးအပ်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူကြပြီး  ယာယီနေရပ်စွန့်ခွာသူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ယနေ့ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀ဝ နှုန်းဖြင့် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများတွင် လာရောက်နေထိုင်သူ လူဦးရေ ၃၇၁၃ ဦးအတွက် ငွေကျပ် ၇၄၂၆၀၀၀၀၊ တပ်နယ်များတွင် လာရောက်နေထိုင်သူလူဦးရေ ၄၃၆ ဦးအတွက် ငွေကျပ် ၈၇၂၀၀၀၀၊  မြို့နယ် ရှစ်မြို့နယ်တွင်လာရောက်နေထိုင်သူ လူဦးရေ ၅၅၂၃ ဦးအတွက် ငွေကျပ် ၁၁၀၄၆၀၀၀၀၊ စုစုပေါင်းလူဦးရေ ၉၆၇၂ ဦးအတွက် ငွေကျပ် ၁၉၃၄၄၀၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဝင်း

#MNP #News 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)