ကျိုင်းတုံမြို့ရှိ မြို့ကျက်သရေဂုဏ်ဆောင် ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူ ဘုရားကြီး ရွှေသင်္ကန်း စတင်ကပ်လှူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့ရှိ မြို့ကျက်သရေဂုဏ်ဆောင် ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူ ဘုရားကြီး ရွှေသင်္ကန်း စတင်ကပ်လှူ


နေပြည်တော်၊ ဖေဖော်ဝါရီ ၃                                                        

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မြို့ကျက်သရေဂုဏ်ဆောင် သမိုင်း ဝင်ခေမရဋ္ဌဗျာဒိတ်တော်ပေးရပ်တော်မူဘုရားကြီး ရွှေသင်္ကန်း စတင်ကပ်လှူပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါဘုရားကြီး ရင်ပြင်တော်၌ ပြုလုပ်ရာ ကျိုင်းတုံမြို့၊ ထေရဝါဒဗုဒ္ဓ သာသနာပြုကျောင်း ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ တေဇနိယ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သမိုင်းဝင် ခေမရဋ္ဌဗျာဒိတ် တော်ပေးရပ်တော်မူဘုရားကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် နံ့သာတိုင်များကပ်လှူပူဇော် ကြသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်း ကျောင်းတိုက်ဆရာတော်ထံမှ တရားတော်များကို နာယူကြည်ညိုကြပြီး ရွှေဆိုင်းများကပ်လှူ ပူဇော်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သမိုင်းဝင်ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီးကို တက်ရောက်ဖူးမြော်ပြီး ရွှေသင်္ကန်းများ စတင်ကပ်လှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)