ယူကရိန်းစစ်တပ်က စစ်ရာဇဝတ်မှုလုပ်ခဲ့တာတွေ ဖျောက်ဖို့ ကြိုးစားနေတယ်လို့ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းစစ်တပ်က စစ်ရာဇဝတ်မှုလုပ်ခဲ့တာတွေ ဖျောက်ဖို့ ကြိုးစားနေတယ်လို့ဆို



ဖေဖော်ဝါရီ - ၉ ( တနင်္ဂနွေနေ့ ) 

ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံ ကာ့စ်ခ် ဒေသကို သိမ်းယူခဲ့စဉ်က စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ပြီး သူတို့ပြန်ဆုတ်တဲ့အခါမှာ သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး ရုရှားအကြီးတန်းသံတမန် ရိုဒီယွန် မီရိုရှနစ်ခ် က ဆိုလိုက်ပါတယ်။ 

မကြာသေးမီက ယူကရိန်းလက်အောက်က လွတ်မြောက်လာခဲ့တဲ့ ရက်စကိုရီ ပိုရီရှနိုရီရွာတွင် ရုရှားနိုင်ငံသားများကို ယူကရိန်းတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်၊ ညှဉ်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးမှူးများက စွပ်စွဲခဲ့ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ရွာသားတွေနေထိုင်ရာ အိမ်အချို့ရှိ မြေအောက်ခန်းထဲတွင် အလောင်းများထည့်ဖွတ်ထားတဲ့ ဆိုးရွားလှတဲ့ ဗီဒီယိုများကို ရုရှားက လွှင့်တင်ခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ယူကရိန်း စစ်မှုထမ်း အများအပြားကလည်း ၎င်းတို့၏ တပ်မှူးများ၏ အမိန့်အတိုင်း လုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးမေးမြန်းမှုလုပ်ရင်း ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ 

ယူကရိန်းစစ်တပ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ အထောက်အထားများ စုဆောင်းနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ပေးအပ်ခြင်းခံရသော ကာ့စ်ခ် ဒေသရှိ အခြားကျေးရွာများတွင် အလားတူ ရက်စက်ကြမ်းကြုတ်မှုများကို ရန်သူတပ်ဖွဲ့များက ကျူးလွန်နိုင်တယ်လို့ ဆိုပါတယ်။  “ယူကရိန်းတွေက စစ်ရေးလမ်းကြောင်း အနီးနားက အခြေချနေထိုင်သူတွေကို ရက်ရက်စက်စက် ညှင်းပန်းနှိတ်စက်ခဲ့ပြီး သူတို့လုပ်ခဲ့တာတွေကို ဖျက်ဆီးဖို့ ကြိုးစားနေပုံရပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ 

မီရိုရှနစ်ရဲ့ အဆိုအရ အဆိုပါကျေးရွာများကို ယူကရိန်းစစ်တပ်က တမင်မီးရှို့ခဲ့ကြောင်း၊ ဘာကြောင့်မီးရှို့တာလဲ ဆိုတာကို သိဖို့ မီးလောင်ပြီးသားအိမ်တွေကို ဝင်ရောက်စစ်ဆေးဖို့လိုကြောင်း ၊ မျက်မြင်သက်သေတွေကို ရှာဖွေဖို့လိုကြောင်း ၊ လောလောဆယ် အဲ့ဒိရွာတွေက ရှေ့တန်း စစ်မျက်နှာထဲမှာ ရောက်နေလို့ စစ်ဆေးဖို့ ခက်ခဲကြောင်း၊ အခုတွေ့ရတဲ့ သက်သေအထောက်အထားတွေက ယူကရိန်းစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူလွန်းမှုကို ပြနိုင်ကြောင်း၊ လူ ၂၂ ဦးကို သတ်ဖြတ်ပြီး မြေအောက်ခန်းထဲမှာ ထည့်တာတာတွေ၊ ယူကရိန်းစစ်သားက အရပ်သားတစ်ဦးကို အကြောင်းမဲ့ ပစ်သတ်တာတွေ နဲ့ပတ်သက်ပြီး အထောက်အထား ခိုင်ခိုင်မာမာရထားကြောင်း  သိရပါတယ်။ 


REF - RT

#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)