လောင်းကစားကို တရားဝင်ခွင့်ပြုလိုက်လို့ စွဲလမ်းကုန်တာလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

လောင်းကစားကို တရားဝင်ခွင့်ပြုလိုက်လို့ စွဲလမ်းကုန်တာလို့ ဆို


ဖေဖော်ဝါရီ - ၂၀ ( ကြာသပတေးနေ့ ) 

ဒီအပတ် တနင်္လာနေ့က ထုတ်ဝေတဲ့ JAMA Internal Medicine ဂျာနယ် မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်မှာ အသစ်တွေ့ရှိတဲ့လေ့လာမှု စစ်တမ်းတစ်ရပ်က လောင်းကစားလုပ်ငန်းတွေကို တရားဝင်ခွင့်ပြုလိုက်တာက အလောင်းအစား စွဲလမ်းခြင်းကို ဖြစ်စေတဲ့ အဓိကတရားခံဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ 

အားကစားပွဲတွေကို တရားဝင်လောင်းကစားလို့ရတယ် ဆိုပြီး ၂၀၁၈ ခုနှစ်က အမေရိကန်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်မှာ လူသန်းပေါင်းများစွာ လောင်းကစားစွဲလမ်းခြင်းကို ဖြစ်ပေါ်စေတယ်လို့ ဆိုလာပါတယ်။ 

အားကစားလောင်းကစားများသည် ပြည်နယ်တစ်ခုတည်းမှ ပြည်နယ် ၃၈ ခုအထိ တိုးလာခဲ့ပြီး အများစုမှာ အွန်လိုင်းတွင် လောင်းကြေးငွေ ဘီလီယံနှင့်ချီ၍ များပြားခဲ့ပြီး လောင်ကစားစွဲလမ်းမှုကိုဖြတ်ဖို့ သန်းနှင့်ချီသော အကူအညီကို တောင်းခံလာသည့်အတွက် လောင်းကစားစွဲလမ်းမှုဆိုင်ရာ အကူအညီအတွက် စံချိန်တင် တောင်းဆိုမှုများနှင့် တိုက်ဆိုင်နေကြောင်း လေ့လာမှုတစ်ခုတွင် အကြီးတန်းစာရေးဆရာ ဂျွန်အေယာ က ပြောကြားခဲ့ပါတယ်။ သူသည် University of California San Diego Altman Clinical and Translational Research Institute မှ သတင်းအချက်အလက်ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပြီး သိပ္ပံပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ 

အားကစား လောင်းကြေးများသည် ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၄.၉ ဘီလီယံ မှ ၂၀၂၃ တွင် ၁၂၁ .၁ ဘီလီယံ အထိ မြင့်တက်လာကြောင်း ၎င်း၏အဖွဲ့မှ အစီရင်ခံတင်ပြခဲ့ပါတယ်။ ဤလောင်းကြေးများ အားလုံးနီးပါး ရဲ့ ၉၄ % သည် အွန်လိုင်းပေါ်မှ လောင်းတာပဲဖြစ်ပါတယ်။ 

“အားကစား လောင်းကစားက ကျနော်တို့ရဲ့ ယဉ်ကျေးမှုမှာ နက်နက်ရှိုင်းရှိုင်း နှစ်မြှုပ်နေပါပြီ” လို့ လေ့လာမှု ပူးတွဲရေးသားသူ တတိယနှစ် ဆေးကျောင်းသား မက်သရူးအာလန် ကပြောခဲ့ပါတယ်။ "ဆိုရှယ်မီဒီယာ ဖိဒ်များနဲ့ ဂိမ်းတွေမှာ မဟားဒယားကြော်ငြာတာတွေကြောင့် အားကစား လောင်းကစားများက ဒီအချိန်မှာ  နေရာတိုင်းတွင် ရှိနေပါပြီ။ လူ့အဖွဲ့အစည်းရဲ့ အစွန်းအဖျားမှာ ကန့်သတ်ချုပ်ချယ်ထားတဲ့ တားမြစ်ထားတဲ့ လှုပ်ရှားမှုတစ်ခုဟာ လုံးဝ ပုံမှန်ပြန်ဖြစ်နေပါပြီ”လို့ ၎င်းကဆိုပါတယ်။ 

လေ့လာမှုအတွက် ၎င်းတို့က ၂၀၁၆ မှ ၂၀၂၄ ခုနှစ်အထိ Google ရှာဖွေမှု ဒေတာမှတစ်ဆင့် လောင်းကစား၊ စွဲလမ်းမှု၊ စွဲလမ်းမှု သို့မဟုတ် အမည်မသိ hotline တို့ မှ ရှာဖွေခဲ့တာပါ ။ ၂၀၁၈ တရားရုံးချုပ်က ခွင့်ပြုလိုက်ပြီးကတည်းက လောင်းကစားစွဲလမ်းမှုနဲ့ ပတ်သက်တဲ့ မေးမြန်းမှုများသည် ၂၃% ခုန်တက်သွားသည် ကို လေ့လာတွေ့ရှိခဲ့ပါတယ်။ 


REF: UPI

#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)