လောင်းကစားလုပ်ငန်းတွေကို တရားဝင်ခွင့်ပြုမယ်ဆိုရင် ဖိလစ်ပိုင်ကို နမူနာယူကြပါလို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

လောင်းကစားလုပ်ငန်းတွေကို တရားဝင်ခွင့်ပြုမယ်ဆိုရင် ဖိလစ်ပိုင်ကို နမူနာယူကြပါလို့ ဆို



ဖေဖော်ဝါရီ - ၄ ( အင်္ဂါနေ့ ) 

မနေ့က ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ်ထရာနဲ့ လူထုတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က ကာစီနိုတွေကြောင့် လူထုပျက်စီးသွားနိုင်တဲ့ အရေးနဲ့ ပတ်သက်ပြီးတော့ လောင်းကစားတွေကို တရားဝင်ခွင့်ပြုလိုက်ရင် ဘာဖြစ်သွားမလဲဆိုတာကို သိချင်ရင် ဖိလစ်ပိုင်ကို နမူနာကြည့်ပါလို့ ဆိုလိုက်ပါတယ်။ 

ဖိလစ်ပိုင်သည် ကာစီနိုများကို တရားဝင်ခွင့်ပြုပေးသော နိုင်ငံတစ်ခုအဖြစ် စံနမူနာပြ ဆောင်ရွက်ခဲ့ပေမဲ့ အစိုးရ လိုချင်သောရလဒ်များ မရရှိခဲ့ပါဘူး။ ဖိလစ်ပိုင်အစိုးရက နိုင်ငံခြားခရီးသွားများထံမှ ဝင်ငွေရရှိရန် ထိုင်းနိုင်ငံ၏ လက်ရှိလုပ်နေတဲ့အတိုင်း ကျိုးကြောင်းဆီလျော်တဲ့ကာစီနိုတွေကို ၁၉၇၇ ခုနှစ်ကတည်းက စတင်ခွင့်ပြုခဲ့ပါတယ်။ အစပိုင်းမှာတော့  ကာစီနိုအပန်းဖြေစခန်းများ ပါဝင်သည့် ကာစီနိုလုပ်ငန်းသည် ကြီးထွားလာခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာသည်နှင့်အမျှ ဒေသခံများသည် စည်းကမ်းထိန်းချုပ်မှုထက် ကျော်လွန်ကာ လောင်းကစားမှုများ အလွန်အကျွံလုပ်လာကာ ရာဇဝတ်မှုနှုန်းများ မြင့်တက်လာခြင်း၊ ပြင်းထန်သော ကြွေးမြီပြဿနာများနှင့် လူမှုရေးပြဿနာများ ပိုမိုကျယ်ပြန့်လာစေခဲ့ပါတယ်။ 

ကျယ်ပြန့်လာတဲ့ နိုင်ငံရေးအကျင့်ပျက်ခြစားမှုနှင့် လူဦးရေတိုးပွားမှုတို့ကြောင့် စီးပွားရေးမညီမျှမှုများ တိုးလာပြီး  အခြေအနေ ပိုဆိုးလာပါတယ်။ ၂၀၁၆တုန်းက သမ္မတ ဒူတာတေက တရုတ်လောင်းကစားသမားများကို အဓိကပစ်မှတ်ထားပြီး အွန်လိုင်းကာစီနိုများ၊ အားကစားလောင်းကစားများနှင့် အခြားလောင်းကစားပုံစံများ အပါအဝင် အွန်လိုင်းလောင်းကစားများကို တရားဝင်ခွင့်ပြုခဲ့ပါတယ်။ ရည်ရွယ်ချက်မှာ တရားမဝင် လောင်းကစား လုပ်ငန်းများကို ထိန်းချုပ်ရန်နှင့် အစိုးရ၏ ကြီးကြပ်မှုအောက်တွင် ထားရှိရန်ဖြစ်ပါတယ်။  ဒါပေမဲ့လည်း တရားဝင်နှင့် မြေအောက်လောင်းကစားနှစ်ခုလုံး ဆက်လက်တည်ရှိနေသောကြောင့် အဲ့ဒိ ချဉ်းကပ်မှုက မအောင်မြင်ခဲ့ပါဘူး။

၂၀၁၆ နှင့် ၂၀၂၀ ကြားမှာ  အွန်လိုင်းလောင်းကစားများ ထွန်းကားလာပြီး နိုင်ငံအတွက် ဝင်ငွေအများအပြား ရခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ လူကုန်ကူးမှု၊ ဆိုက်ဘာလိမ်လည်မှု၊ ငွေကြေးခဝါချမှုနှင့် တရားမဝင်ရွှေ့ပြောင်း များလာမှုလို အဓိကပြဿနာများကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ၂၀၂၄ ဇူလိုင်မှာတော့  သမ္မတ ဖာဒီနန်မာကို့စ် ဂျူနီယာက  အမျိုးသားလုံခြုံရေးနှင့် ရာဇဝတ်မှုဆိုင်ရာ ဆက်စပ်မှုများကို ကိုးကား၍ တရားဝင်ခွင့်ပြုထားသော အွန်လိုင်းလောင်းကစားအားလုံးကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ 

ကာစီနိုလောင်းကစားများကနေ  “ရရှိသောဝင်ငွေ” က  ဖြစ်လာတဲ့ “လူမှုရေးကုန်ကျစရိတ်များ” နဲ့ နှိုင်းယှဉ်ပါက မကာမိတဲ့အတွက် အဲ့လို ဆုံးဖြတ်ချက် ချလိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကာစီနိုလုပ်ငန်းတွေက ရှိနေဆဲပဲဖြစ်ပါတယ်။ အွန်လိုင်း လောင်းကစားကိုတော့ လုံးဝတားမြစ်လိုက်ပါတယ်။  ထို့အပြင် ဖိလစ်ပိုင်တွင် ရာဇဝတ်မှုနှုန်းသည် လွန်ခဲ့သည့် ၆ နှစ်မှ ၇ နှစ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး အရှေ့တောင်အာရှတွင် မှုခင်းဖြစ်ပွားမှုနှုန်း အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှာ သိသိသာသာ ကျဆင်းသွားတာပဲ ဖြစ်ပါတယ်။ 


REF - The Nation

#News #MNP #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)