နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် စစ်ကိုင်းမြို့နယ်၊ ညောင်ပင်စဉ်ကျေးရွာ ကံတလူစစ်ဆေးရေးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးဘက်မှ မုံရွာမြို့ဘက်သို့ ကလေးမြို့နယ်၊ အင်ဒိုင်း ကျေးရွာနေ ချမ်းအေး(၂၆)နှစ် မောင်းနှင်လာသည့် MDY- 13 7M/xxxx HONDA Fit ခဲရောင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသောကြောင့် ချမ်းအေးအား ရွာသစ်ကြီးနယ်မြေရဲစခန်း (ပ)၁၂/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
#News #MNP
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق