ပန်းတောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်




ပန်းတောင်း၊ ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် နယ်မြေလုံခြုံရေးအခြေအနေအရ မြို့နယ်အတွင်းသို့ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများကို ယမန်နေ့က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းနားကျင်းပသည်။

အခမ်းအနားတွင် ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် စားဝတ်နေရေးအဆင်ပြေစေရန် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်ပေါင်းစပ်၍ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားရန် စီစဉ်လျက်ရှိကြောင်း၊ ထောက်ပံ့ငွေများ လစဉ်ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ဆက်လက်တည်ငြိမ်အေးချမ်းသာယာရေးအတွက်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရာဇာဝင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုတို့က ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုးငွေ (၂၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းပြည်သူ (၁၁၁၀)ဦးအတွက် စုစုပေါင်းငွေကျပ် (၂၂,၂၀၀,၀၀၀/-)သိန်းကို ပေးအပ်ရာ ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက လက်ခံခဲ့ပြီး ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအေးကြိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရာဇာဝင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြသည်။


လပြည့်လင်း

#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)