မိုးကောင်းမြို့၌ ထာဝရရန်ငြိမ်း‌အေးစေတီတော်အား ရွှေ‌ထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုးကောင်းမြို့၌ ထာဝရရန်ငြိမ်း‌အေးစေတီတော်အား ရွှေ‌ထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲကျင်းပ


မိုးကောင်း၊ ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အလယ်ရေရှင်ကျေးရွာရှိ မဏိကာရုံကျောင်းတိုက်ဝန်းအတွင်း တည်ထားပူဇော်အပ်သော ထာဝရရန်ငြိမ်းအေးစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ စိန်ဖူးတော်တင်လှူပူဇော်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံဃာတော်တို့အား အလှူရှင်များက နေ့ဆွမ်းဆက်ကပ်ကြသည်။ အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင်လှစ်၍ တက်ရောက်လာသူ အလှူရှင်များက သောင်ဦးကျောင်းတိုက်ဆရာတော်ထံ(၉)ပါးသီလ ခံယူတည်ဆောက်ကြသည်။

ဆက်လက်၍ အလှူရှင်များက ဆရာတော်ဘုရားထံ စိန်ဖူးတော်၊ ရွှေထီးတော်နှင့် ငှက်မြတ်နားတော်တို့အား ဘုံအဆင့်ဆင့်အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာတော်များက ပရိတ်မေတ္တာသုတ်ချီးမြှင့်၍ အလှူရှင်များက နဝကမ္မလှူဖွယ်ပစ္စည်းများကို ဆရာတော်များထံ ဆက်ကပ်ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေကြသည်။

ထို့နောက် ကျောင်းထိုင်ဆရာတော်ဦးဆောင်၍ အလှူရှင်များက ရတနာပုံဝန်း၊ ပုဂံဝန်းအစီအစဉ်ဖြင့် ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ပင့်ဆောင်ကာ ထာဝရရန်ငြိမ်းအေးစေတီတော်အား လက်ယာရစ်သုံးကြိမ် လှည့်လှည်ပူဇော်ပြီး မင်္ဂလာပန်းရထားဖြင့် ပင့်ဆောင်တင်လှူပူဇော်ပြီးမြောက်ခဲ့ကြောင်း သိရသည်။


သန်းလွင်ဦး

#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)