ထရမ့် - ပူတင်တွေ့ဆုံပွဲကို ဆော်ဒီက ကြိုဆိုလိုက်ပါတယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့် - ပူတင်တွေ့ဆုံပွဲကို ဆော်ဒီက ကြိုဆိုလိုက်ပါတယ်


ဖေဖော်ဝါရီ - ၁၅ ( စနေနေ့ ) 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့အကြား ဖုန်းခေါ်ဆိုမှုအား ချီးကျူး ဂုဏ်ပြုကြောင်း ဆော်ဒီအာရေးဗီးယားက သောကြာနေ့တွင် ပြောကြားခဲ့ပြီး ဆော်ဒီအာရေဗီးယားနိုင်ငံမှာ ခေါင်းဆောင် ၂ ဦး တွေ့ဆုံမှုအပေါ်ကိုလည်း ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ 

ပူတင်နဲ့ ထရမ့်တို့က ဗုဒ္ဓဟူးနေ့တုန်းက ဖုန်းနဲ့ မိနစ် ၉၀ နီးပါး စကားပြောဖြစ်ခဲ့ကြပါတယ်။ အဆိုပါခေါ်ဆိုမှုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် အမေရိကန်နှင့် ရုရှားနိုင်ငံ ခေါင်းဆောင်များကြား ပထမဆုံး တိုက်ရိုက်ထိတွေ့ဆက်ဆံမှု ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ ဖုန်းခေါ်ဆိုပြီး နာရီအနည်းငယ် အကြာတွင် ထရမ့်က ဆော်ဒီအာရေဗျတွင် ဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း အိမ်ဖြူတော်ရှိ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

“ယူကရိန်းအကျပ်အတည်း စတင်ဖြစ်ပွားကတည်းက ရုရှားနဲ့ ယူကရိန်းကြား ထာဝရငြိမ်းချမ်းရေးရရှိဖို့ ဆက်လက်ကြိုးပမ်းမှုတွေကို ဘုရင့်နိုင်ငံတော်က ကြိုဆိုပါတယ်”လို့ ဆော်ဒီဘုရင် ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် က ဇီလန်စကီးနဲ့ ပူတင်တို့အား ဖုန်းဆက်ပြီး အကြိမ်ကြိမ်စကားပြောဆိုခဲ့ပြီး မော်စကိုနှင့် ကီယက်ဗ် တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဖို့ အတွက် အကူအညီပေးနိုင်တယ်လို့ အကြံပြုခဲ့ပါတယ်။ 

၂၀၂၃ ဒီဇင်ဘာလတွင် အိမ်ရှေ့မင်းသားက ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲ့ဒိဆွေးနွေးပွဲမှာ ယူကရိန်း ပဋိပက္ခအပြင် ရေနံဈေး၊ OPEC+ နှင့် ဂါဇာ ပဋိပက္ခတို့ အတွက် ပြောဆိုခဲ့ပါတယ်။ 


REF: RT

#MNP #News 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)