ကျောင်းသား ကျောင်းသူများကို တိုင်းချစ်ပြည်ချစ်စိတ်နှင့် စစ်မှန်သည့် မျိုးချစ်စိတ်ရှိစေရန် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းသား ကျောင်းသူများကို တိုင်းချစ်ပြည်ချစ်စိတ်နှင့် စစ်မှန်သည့် မျိုးချစ်စိတ်ရှိစေရန် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပြောကြား


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ၁၅-၂-၂၀၂၅ ရက်နေ့က ရန်ကင်း ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား ကျောင်းသူများအနေဖြင့် ဆရာ ဆရာမများဖြစ်လာပါက အပြုအမူ၊ အပြောအဆိုနှင့် စည်းကမ်းလိုက်နာမှုတွင် ကျောင်းသား ကျောင်းသူများအတွက် စံပြဖြစ်ရန်လိုပါကြောင်း၊ စာသင်ကောင်းသော ဆရာ ဆရာမများဖြစ်ရန် ဘာသာရပ်ပိုင်းဆိုင်ရာ တတ်ကျွမ်းမှုလိုအပ်သကဲ့သို့ သင်ပြနည်းများ၊ ပညာရေးစိတ်ပညာ၊ ပညာရေးသဘောတရားများကို နားလည်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ တပည့်ကျောင်းသား ကျောင်းသူများကို တိုင်းချစ်ပြည်ချစ်စိတ်နှင့် စစ်မှန်သည့် မျိုးချစ်စိတ်ရှိစေရန် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားပြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များကို မြေပြင်ကွင်းဆင်းလေ့လာကာ လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များမှ အင်္ဂလိပ်စာပါရဂူဘွဲ့ရ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ အင်္ဂလိပ်စာသဒ္ဒါ (Grammar)ကို မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်သင်ကြားနိုင်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)