အီးယူနဲ့ အမေရိကန်လည်း ကုန်သွယ်ရေး စစ်ပွဲ ဖြစ်လာနိုင်စရာ ရှိနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အီးယူနဲ့ အမေရိကန်လည်း ကုန်သွယ်ရေး စစ်ပွဲ ဖြစ်လာနိုင်စရာ ရှိနေ


ဖေဖော်ဝါရီ - ၁၁ ( အင်္ဂါနေ့)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ကိုတင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယမ်ပစ္စည်းတွေအပေါ် ၂၅ % အခွန်ကောက်မယ်လို့ ပြောဆိုထားတာနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်နိုအယ်ဘာရော့က သူတို့အနေနဲ့ အမေရိကန်ကို လက်တုံ့ပြန်ဖို့အတွက် အပြန်အလှန်အစီအစဉ်တွေကို လုပ်ဆောင်နေပါတယ်လို့ ဆိုလိုက်ပါတယ်။ 

ထရမ့်ရဲ့ သတ္တုတင်သွင်းခွန်အမိန့် အသစ်က လက်ရှိကျင်သုံးနေတဲ့ စည်းမျဉ်းတွေပေါ်ကို စတင်သက်ရောက်နေပြီ ဖြစ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက “ သိပ်ပြီးတော့ အံ့ဪစရာ မရှိပါဘူးဗျာ။ သူ့ဖာသာသူ ၂၅% မကလို့ ကြိုက်တဲ့ % ကို သက်မှတ် ကျနော်တို့ကတော့ ကျနော်တို့ရဲ့ စီးပွားရေးနဲ့ အကျိုးအမြတ်ကို ကာကွယ်ဖို့ လုပ်ရမှာပါပဲ။ အဲ့ဒိအတွက် နည်းနည်းလေးမှ တုံ့ဆိုင်းနေမှာမဟုတ်ပါဘူး” လို့ မနေ့က ပြင်သစ်ရုပ်သံတစ်ခုနဲ့ လုပ်တဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ 

“၂၀၁၈တုန်းကလည်း ဒေါ်နယ်ထရမ့် ဒါမျိုးကို လုပ်ခဲ့ဖူးပါတယ်။ အဲ့တုန်းကလည်း ကျနော်တို့ပြန်ပြီး တုံ့ပြန်ခဲ့ပါတယ်။ အခုလည်းလုပ်ပြန်ပြီ ကျနော်တို့က အရင်တုန်းကလိုပဲ ပြန်ပြီး လုပ်မှာပါ” လို့ ဒေါနယ်ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက လုပ်ခဲ့တဲ့ အခွန်စည်းကြပ်မှုနဲ့ ပတ်သက်ပြီး ဘာရော့ ကရည်ညွှန်းပြောခဲ့ပါတယ်။ 

“အဲ့တုန်းကဗျာ အီးယူကနေ အမေရိကားကိုသွင်းတဲ့ ပစ္စည်းတွေကို အကုန်နီးပါး အခွန်းတိုးကောက်ခံ လိုက်ရတယ်။ မော်တော်ဆိုင်ကယ်တွေကနေစပြီး ဘောင်းဘီတွေ ကုန်ကုန်ပြောရေင် လိမ္မော်ရည်တောင်ပါတယ်။ ကျနော်တို့ ဥရောပကော်မရှင်က အမေရိကားနဲ့ပတ်သက်ပြီး တန်ပြန်အစီအမံတွေလုပ်နေတယ်၊ ပစ်မှတ်ထားမယ့် ကဏ္ဍများကို သတ်မှတ်ပေးမှာပါ။ အခုအချိန်လည်း ကျနေပါပြီ” လို့ပြောသွားပါတယ်။ 

ထရမ့်က ဥရောပ စတီးလ်သွင်းကုန်များအပေါ် ၂၅% နှင့် အလူမီနီယမ်အပေါ် ၁၀% စည်းကြပ်ခွန်များ စည်းကြပ်ခဲ့ဖူးတာကြောင့် ၂၀၁၈ ခုနှစ်တုန်းကလည်း ဝါရှင်တန်နှင့် ဘရပ်ဆဲလ်တို့ကြားမှာ ကုန်သွယ်ရေး အငြင်းပွားမှု ဖြစ်ပွားခဲ့ပါတယ်။  ထရန့်သည် အီးယူကားတင်ပို့မှုအပေါ် အခွန်စည်းကြပ်မှုအပေါ် ခြိမ်းခြောက်မှုဖြင့် တင်းမာမှုများ တိုးမြင့်လာခဲ့သော်လည်း ၎င်းတို့သည် အကောင်အထည်မဖော်ခဲ့ပေ။


REF - RT

#News #MNP  #News

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)