စနေနေ့မှာ ဓားစားခံတွေ ထပ်မလွှတ်လို့ကတော့ အပစ်ရပ်တာ ပြီးသွားပြီလို့ မှတ်လိုက်တော့ လို့ နေတန်ယာဟု ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

စနေနေ့မှာ ဓားစားခံတွေ ထပ်မလွှတ်လို့ကတော့ အပစ်ရပ်တာ ပြီးသွားပြီလို့ မှတ်လိုက်တော့ လို့ နေတန်ယာဟု ဆို


ဖေဖော်ဝါရီ - ၁၂ ( ဗုဒ္ဓဟူးနေ့ ) 

အစ္စရေးဖက်က အပစ်ရပ်စာချုပ်ပါ သဘောတူညီချက်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဟားမတ်တွေက ဓားစာခံလွဲပြောင်းမှုကို လာမယ့်စနေနေ့ကို ရွှေ့လိုက်ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက လာမယ့်စနေနေ့မှာ ဟားမတ်တွေ ဖမ်းထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးရင်ပေး၊ မပေးလို့ကတော့ အပစ်ရပ်စာချုပ်က ပြီးသွားပြီလို့သာ မှတ်လိုက်ပေတော့ ဆိုပြီး ဒီကနေ့ ရုပ်သံကနေလွှင့်ပြီး ကြေညာလိုက်ပါတယ်။ 

အဲ့ဒိကြေညာချက်နဲ့ ပတ်သက်ပြီး နေတန်ယာဟုက ကာကွယ်ရေး၊ နိုင်ငံခြားရေး နှင့် အမျိုးသားလုံခြုံရေး အပါအဝင် အဓိက ဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ ၁၆ လနီးပါးကြာပြီဖြစ်တဲ့ ဟားမတ် - အစ္စရေး စစ်ပွဲက ဇန်နဝါရီ ၁၉ ရက်မှစပြီး အပစ်အခတ်ရပ်စဲရေး ပထမအဆင့် စတင်ခဲ့ပါတယ်။ ဟားမတ်စ်တွေက ဓားစာခံများကို ဖြည်းဖြည်းချင်း လွှတ်ပေးနေပေမဲ့ အစ္စရေးဘက်က သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ ထပ်မံစွပ်စွဲကာ နောက်ထပ်သတိပေးချက် မရသေးသရွေ့ လွှတ်ပေးတော့မှာ မဟုတ်ဘူးလို့ တနင်္လာနေ့က ပြောခဲ့ပါတယ်။ စနေနေ့မွန်းလွဲမှာ ကျနော်တို့ရဲ့ ဓားစာခံတွေကို ဟားမတ်စ်က ပြန်မလွှတ်ဘူးဆိုရင် အပစ်အခတ်ရပ်စဲရေး ပြီးဆုံးမှာ ဖြစ်ပြီး IDF (စစ်တပ်)ဟာ ဟားမတ်စ်ကို နောက်ဆုံး မရှုံးမချင်း ပြင်းထန်တဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာပါ” လို့ နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။ 

လောလောဆယ်မှာတော့ ဟားမက်စ်တွေရဲ့ လက်ထဲမှာ အစ္စရေး ဓားစာခံ ၇၆ ယောက် ကျန်ရှိနေပါသေးတယ်။ အစ္စရေဘက်က ဖမ်းထားပြီး ပြန်လွှတ်ပေးတဲ့ ပါလက်စတိုင်း အကျဉ်းသားက ၂၀၀၀ ကျော်သွားပါပြီ။ ဘယ်နှယောက်ကျန်းသေးတယ်ဆိုတာကတော့ အတိအကျမသိပါဘူး။ 


REF: Reuters

#News #MNP #International

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)